အပိုင်း ၂

6.2K 512 4
                                    

unicode

ပိုင်ဝေ့ရှင်း ရှောင်ဖေးဆိုသောကောင်မလေးအား ဘာပြောရမလဲသိဖြစ်သွားပြီး စိတ်အေးအေးထားရန်သာပြောမိပါတော့သည်။(ဟုတ်တယ်လေ အရမ်းနူးညံ့ပြရင် သူ့သခင်မမဟုတ်တာသိသွားလို့ ဟိုသကောင့်သားကိုသွားတိုင်လို့ခေါင်းပြတ်မှာပေါ့)

ပိုင်ဝေ့ရှင်းလဲ ဦးနှောက်ကိုအမြန်အလုပ်ပေးကာ ရှောင်ဖေးကို အဆောင်ထဲ ပြန်ခေါ်လာခဲ့သည်။

"ရှောင်ဖေး"

" အမိန့်ရှိပါ သခင်မ.ဒီအစေခံ နာခံလျှက်ပါ"

" နင်က ငါ့ရဲ့အစေခံပေါ့နော် နင်တယောက်ထဲလား တခြားသူတွေရော ရှိသေးလား"

ရှောင်ဖေး သူမ့အား မျက်လုံးလေးကလယ်ကယလ်နဲ့မေးလာသော သူ့ရဲ့သခင်မကို ကြည့်လိုက်သည်။မနေ့က မင်းသားရှီဖုန်းနဲ့ ရန်ဖြစ်လာပြီးကထဲက ထူးဆန်းနေတယ်။အခန်းထဲအောင်းနေရာကနေ အစေခံတွေအားလုံးကိုအော်ထုတ်ကာ ဘယ်သူမှမဝင်နိုင်အောင်လုပ်ထားတယ်။

" ရှိပါတယ် သခင်မ.. အကုန်လုံး သခင်မအမိန့်မရပဲ အဆောင်ထဲ ပြန်မဝင်ရဘူးဆိုလို့ အပြင်မှာစောင့်နေကြတာပါ "

" အော် ငါအော်ထားလို့မဝင်ရဲကြဘူးပေါ့..အာ့ဆိုလဲ နင်သွားပြန်ခေါ်လိုက်..အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တာဝန်ကျေကြဖို့ပြောလိုက်..
ပြီးရင် ငါရေချိုးဖို့နဲ့ အပြင်သွားဖို့အတွက် နင်ပြင်ဆင်ပေး...ကြားလား ""

" ဟုတ်ကဲ့ပါ သခင်မ.. ဒီအစေခံပြင်ဆင်လိုက်ပါ့မယ်"

"ရှောင်ဖေး..နင့်အသက်ဘယ်လောက်လဲ"

"ကျတော်မျိုးမအသက်က ၁၉နှစ်ပါ သခင်မ"

ရှောင်ဖေး သခင်မအမေးကိုသာဖြေလိုက်ရပေမဲ့ သူမနဲ့သခင်မပိုင်ဝေ့ရှင်းက အတူတူနေလာတာ သူမ့အသက် ၁၂ထဲကဖြစ်သည်။ ဒါကို သူမက သး့အသက်မသိဘူးလို့ဆိုလိုလိုက်တာလား။ ပိုင်ဝေ့ရှင်း သူ့မကိုကြောင်ကြည့်နေသော ရှောင်ဖေးအား ကြည့်ကာ သူတခုခုအမှားလုပ်မိသလိုခံစားလိုက်ရတယ်။ငါလေး မမှားလောက်ပါဘူးနော်။ အရေးအ​ေကြာင်းဆို ဟိုဖြူလုံးsystemစုတ်လေးကဘယ်ရောက်နေလဲမသိဘူး။
ထိုစဥ်....

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now