Part 192 💚❤ (It's quiet, but it's nice)

4.4K 604 239
                                    

💓

It's quiet, but it's nice

💚❤

သူ့နိဗ္ဗာန်​ဘုံ​လေးသည်​ စကား​တွေထပ်​​ပြောမလာပဲ သူ့ရင်​ခွင်​ထဲတွင်​သာ မျက်​လုံး​လေးမှိတ်​ကာ​နေသည်​ ။ ဒီလူက သူ့ချစ်​သူဖြစ်​လာတယ်​ဆိုတာကို သူမယုံ​သေးဘူးထင်​တယ်​ ။ အင်း ... သူကိုယ်​တိုင်​ကလည်း မယုံကြည်​နိုင်​​သေးဘူး ။ သူ့ရင်​ထဲကလစ်​ဟာ​နေတဲ့​နေရာတခုမှာ အစိုင်​အခဲတခုဖြည့်​စွတ်​ခံလိုက်​ရတယ်​လို့ပဲ သူခံစားမိတယ်​ ။

သူ့ရင်​ခွင်​ထဲ​တွင်ေ​မှးစက်​​နေသည့်​ သူ့နိဗ္ဗာန်​ဘုံ​လေးသည်​ သူ့ရင်​ခွင်​ဆီမှရုန်းမထွက်​သလို သူသည်​လည်း ထိုလူ့အား ထွက်​သွားခွင့်​လည်းမ​ပေးနိုင်​ခဲ့ဘူး ။ သူ့နိဗ္ဗာန်​ဘုံ​လေးကို သူ့ရင်​ခွင်​ထဲတွင်​ အချိန်​အ​တော်​ကြာတဲ့အထိ ​မှေးစက်​ဖို့ ခွင့်​ပြုလိုက်​သည်​ ။

ခဏကြာ​တော့ ...

မျက်​မှန်​​​လေး​ထောင့်​​လေးနှင့် ​သိပ်​ကိုလိုက်​ဖက်​လွန်းသည့်​လူသည်​ မျက်​မှန်မပါပဲနဲ့​ရော ဆွဲ​ဆောင်​မှုရှိနိုင်​ပါ့မလား သူသိချင်​လာသည်​ ။ မျက်​မှန်​မပါသည့်​ သူ့နိဗ္ဗာန်​ဘုံ​လေး၏ မျက်​နှာအလွတ်​အား သူမြင်​ဖူးသည်​က ခပ်​ရှားရှား ။ ရှာ့ထျန်းရှီကို သူမျက်​နှာချင်းဆိုင်​လိုက်​ပြီး မျက်​မှန်​​လေး​ထောင့်​​လေးအား အသာအယာချွတ်​လိုက်​၏ ။ ထိုလူ့ကို သူမျက်​မှန်​ချွတ်​​ပေးလိုက်​သည့်​အခါ ထိုလူ့၏ မျက်​ဝန်း​တစုံသည် အလိုအ​လျောက်​ ​မှိတ်​သွားခဲ့သည်​ ။ ​သူ့ကို ​အေးချမ်းမှု​တွေ​ပေးသည့်​ ဒီမျက်​နှာ​လေးသည်​ ​သေချာကြည့်​မိမှသာ ​သောက​တွေ​ဝေ​နေ​ကြောင်းကို​တွေ့နိုင်​၏ ။

ပြန်ကာ​ဖွင့်​ဟလာသည့်​ မျက်​ဝန်း​သည်​ ဖုံးကွယ်​ထားမှုမရှိသည့်​အခါ ပိုပြီး ဆွဲ​ဆောင်​မှုရှိ၏ ။ သူ့နိဗ္ဗာန်​ဘုံ​လေး၏နှုတ်​ခမ်း​ထောင့်​အား သူ့နှုတ်​ခမ်း​တွေဖြင့်​ ထိ​တွေ့လိုက်​သည်​ ။ ​သူမကြမ်းတမ်းရဲ ။ ​ကြွေကျသွားမည့်​ကိုစိုးရိမ်​​နေသည့်​သူသည်​ သူ့နိဗ္ဗာန်​ဘုံ​လေး၏ နှုတ်​ခမ်း​ထောင့်​ကိုသာ ခပ်​ဖွဖွသာ နမ်းရှိုက်​မိသည်​ ။ သူ့နှုတ်​ခမ်း​တွေကို သူ့နိဗ္ဗာန်​ဘုံ​လေး၏နှုတ်​ခမ်း​ထောင့်​မှတဆင့်​ ပါးပြင်​ကိုထိ​တွေ့ကာ နူးနူးညံ့ညံ့ပင်​နမ်းရှိုက်​မိပြန်​သည်​ ။ ပါးပြင်​မှတဆင့်​ နား​အောက်​ ၊ လည်​တိုင်​တ​လျှောက်​အား သူ့နှုတ်​ခမ်း​တွေဖြင့်​ ဝမ်ချီစန်းထိ​တွေ့ပြီး ​​​သူ့မြတ်​နိုး​ရ​ကြောင်း​တွေကို နူးညံ့မှု​တွေနဲ့ပြသလိုက်​သည်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now