Part 213 💚❤ (The closest stranger 💛💛)

3.3K 460 96
                                    

💓

The closest stranger 💛💛

💚❤

မိန်းမငယ်​​လေးနှစ်​​ယောက်​ပါဝင်​တဲ့ ဒီစား​သောက်​ဝိုင်းမှာ သူတို့ အရက်​မ​သောက်​ဖြစ်​ခဲ့ကြဘူး ။ တရားဝင်​အ​နေနဲ့ဆုံ​ပေးသလို အိမ်​​ထောင်​စုစာရင်း​ပြောင်း ​အောင်​မြင်​ခဲ့သည့်​အတွဲအတွက်​လည်း ဂုဏ်​ပြု​ပေးတဲ့ ညစာစားပွဲဖြစ်​ခဲ့တယ်​ ။

ညကိုးနာရီထိုးပြီ ။ သူတို့တ​တွေ အိမ်​ပြန်​သင့်​တဲ့အချိန်​ကို​ရောက်​လာခဲ့တယ်​ ။ သူတို့ညီအစ်​ကို​တွေပဲဆိုရင်​​တော့ ​နောက်​ကျ​ကောင်း ​နောက်​ကျလို့ရပင်​မယ့်​ မိန်းမငယ်​​လေးနှစ်​​ယောက်​ပါလာတဲ့အတွက်​ သူတို့​နောက်​ကျလို့မဖြစ်​​တော့ဘူး ။ ဝမ်​ချီစန်းက ​ဘေလ်​ရှင်းရန်​အတွက်​ ​​ငွေ​ကောင်​တာစီ ထလို့သွားတယ် ။ ကျန်​တဲ့​ခြောက်​​ယောက်​သားက​တော့ ဆိုင်​အပြင်​မှာ​ရပ်​​စောင့်​​နေကြတယ်​ ။

"ပြန်​ကြ​တော့မလား" ​ငွေရှင်းပြီး ထွက်​လာတဲ့ ဝမ်​ချီစန်းက ​မေးတယ်​ ။

ရှစ်​ရှန်းလူကလည်း ပြန်​​ဖြေတယ်​ ။
"ချီရီကို ငါ​ခေါ်သွားမယ်​"

သူ့ချစ်​သူစိတ်​ချမ်းသာရင်​ပြီး​ရောဆိုတဲ့ လိုက်​နာမှု​မျိုးနဲ့ပဲ ဝမ်​ချီရီက ​ခေါင်းညိတ်လိုက်​တယ်​ ။

သူတို့ပြန်​ဖို့အစီအစဉ်​ဆွဲ​နေကြတဲ့အချိန်​မှာ ဝမ်​ပု​ဟွေ့က ဝမ်​ကျိုးယွဲ့ကို ဆွဲပြီး အငှါးကား​ပေါ်အ​ပြေးတက်​သွားတယ်​ ။ ​ယောက်ျား​လေးငါး​ယောက်​က​တော့ ကား​ပေါ်​ပြေးတက်သွားတဲ့ မိန်းမငယ်​​လေးနှစ်​ဦးကို ​ကြောင်​အစွာပဲ ရပ်​ကြည့်​​နေမိကြတယ်​ ။ အငှါးကား​လေး ခပ်​​ဝေး​ဝေးကို​ရောက်​မှ ဝမ်ပု​ဟွေ့ဟာ ကားပြတင်း​ပေါက်​မှ ကိုယ်​တပိုင်းထွက်​ပြီး သူတို့ကို လက်​ပြနှုတ်​ဆက်​တယ်​ ။ ဝမ်​ချီ​အော့က သတိရပြီ လှမ်း​အော်​လိုက်​တယ်​ ။
"ရား!!! အဘွားကြီးမ ... မင်းငါ့ကို သက်​သက်​ထားခဲ့တာမှတ်​လား"

ကားပြတင်း​ပေါက်​မှကိုယ်​တစ်​ပိုင်းထွက်​ကာ လက်​ပြ နှုတ်​ဆက်​​နေသည့်​ ဝမ်​ပု​ဟွေ့ဟာ ဝမ်​ချီ​အော့ကိုလျှာထုတ်​​ပြောင်​ပြခဲ့တယ်​ ။ သူမသက်​သက်​ အကျင့်​ပုပ်​လိုက်​မှန်း ဝမ်​ချီ​အော့သိလိုက်​ပါတယ်​ ။ အတွဲ နှစ်​တွဲက ကိုယ့်​ပါတနာကို ကိုယ်​စီလိုက်​ပို့ကြမှာပဲ ။ ဒီည အိမ်​မပြန်​​ဖြစ်​​လောက်​လည်း မ​ပြန်​နိုင်​​လောက်​ဘူး ။ ဒါဆို သူက သက်​သက်​ပြန်​ရ​လိမ့်​မယ်​ ။ သူကားခကုန်​​အောင်​ ဝမ်​ပု​ဟွေ့ဟာ သက်​သက်​ အကျင့်​ပုပ်​ခဲ့​လေပြီ ။ သူထက်​ တစ်​ကွက်​ကြိုမြင်​သွားတဲ့ သူမကို ဝမ်​ချီ​အော့သိပ်​​တော့မ​ကျေနပ်​ဘူး ။ အခွင့်​ရှိရင်​ ပြန်​လက်​စား​ချေဖို့ကို​တော့ သူခပ်​​ရေး​ရေး​လေးမှတ်​လို့ထားလိုက်​တယ်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now