Part 204 💚❤ (You & I are friends !!)

2.5K 430 171
                                    

💓

You and I are friends !!

💚❤

ကျောင်းခွင့်​စာအတွက်​ လိုအပ်​တဲ့အချက်​အလက်​​တွေကို ဖန်​ဟုန့်​ရွယ်​ရဲ့အုပ်​ထိန်းသူကိုယ်​စား ယွမ်​လာဖြည့်​​နေရသည်​ ။ သူက ဖန်​ဟုန့်​ရွယ်​ရဲ့အုပ်​ထိန်းသူတ​ယောက်​မဟုတ်​ပင်​မယ့်​ ​ကျောင်းလိုက်​ရတဲ့အလုပ်​က သူ့တာဝန်​တခုလိုဖြစ်​​လာတယ်​ ။ ဘယ်​ကတည်းကလည်းဆိုရင်​ သူ​ဆေး​ကျောင်းစတက်​ရတည်းကလို့ ဆိုရမှာပဲ ။ မလုပ်​ချင်​ဘူးလို့ ငြင်းဆိုခဲ့ပင်​မယ့်​ ငြင်းမရတဲ့အ​ကြောင်း​တွေ​ကြောင့်​ လုပ်​​နေရ​သေးတယ်​ ။ ဘယ်​ဘဝက ကုသိုလ်​ကံလဲ ။ သူခွင့်​စာဖြည့်​​နေတုန်းမှာ ​ကျောင်းရုံးခန်းထဲတွင်​ ဆရာ ဆရာမ ​တွေ ​ခြေရှုပ်​​နေကြတယ်​ ။ နံ​ဘေးနားက ဖြတ်​​လျှောက်​သွားတဲ့လူ​တွေ များပြားလွန်းပင်​မယ့်​ ဧည့်​​တွေ့စားပွဲခုံ​သေး​သေးမှာ ယွမ်​ဟာ စိတ်​ရှည်​လက်​ရှည်​နဲ့ပဲ ​​ကျောင်းခွင့်​စာရွက်​က အ​ပေါက်​​တွေကို လိုက်​ဖြည့်​ဖြစ်​တယ်​ ။

"ဒါနဲ့မင်းက ... " ဖန်​ဟုန့်​ရွယ်​ရဲ့အတန်းပိုင်​ဆရာက စူးစမ်း​နေတဲ့အကြည့်​​တွေနဲ့​ သူ့အနားကို​လာထိုင်​ကာ​မေးတယ်​ ။

ယွမ်​လည်း ပြန်​​ဖြေလိုက်​တယ်​ ။
"ကျွန်​​တော်​က ဖန်း ဖန်းရီချန်
ဟုန့်​ရွယ်​ရဲ့အစ်​ကိုတဝမ်းကွဲပါ"

"ဘာလို့ သူ့အုပ်​ထိန်းသူက မလာရတာလဲ"

"​ဒေါ်​လေးက ​ဆေးရုံ​စောင့်​ရလို့ပါ
လူနာကလည်း နှစ်​​ယောက်​ဖြစ်​သွားတယ်
ဒါက ကျွန်​​တော့်​​ကျောင်းသားကဒ်​" ယွမ်​​ကျောင်းသားကဒ်​ပြလိုက်​​တော့ ထိုလူက ​ခပ်​​အေး​အေးပဲကြည့်​တယ်​ ။ ပညာတတ်​​ကျောင်းသားတ​ယောက်​ဖြစ်​​နေတဲ့အတွက်​​ကြောင့်​ပဲလာှးူရိုရို​သေ​သေပြန်​​ဖြေ​လိုက်​လို့ပဲလား ... ဖန်​ဟုန့်​ရွယ်​ရဲ့အတန်းပိုင်​ဆရာက နားလည်​သွားတဲ့ဟန်​နဲ့ သူ့​ကျောင်းသားကဒ်​ကိုစားပွဲ​ပေါ်ပြန်​ချပြီး သူ့အနားမှ ထွက်​ခွာသွားတယ်​ ။

ကျောင်းသားကဒ်​ကိုသိမ်းရင်း စိတ်​​ဖြေ​လျော့တဲ့အ​နေနဲ့ ယွမ်​ဟာ​လေပူတချက်​ကိုမှုတ်​ထုတ်​လိုက်​တယ်​ ။ ​လေးလံ​နေတဲ့စိတ်​ဝိညဉ်​က​​တော့ ထို​လေနဲ့အတူ သူ့ကိုယ်​ထဲမှ ထွက်​ခွာမသွားခဲ့ဘူး ။ ယွမ်​လည်း ဆက်​ပြီး ကျန်​ရှိ​နေ​သေးတဲ့ ခွင့်​စာ​ပေါ်မှ အ​ပေါက်​​တွေကို ဆက်​ဖြည့်​​နေလိုက်​သည်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now