Part 216.3 💚❤ (💛 + SanShi + 💛)

1.7K 209 27
                                    

Unicode

💓

💛 + SanShi + 💛

💚❤

ခါး​ပေါ်​ရောက်​လာသည့်​လက်​တစ်​စုံ​ကြောင့်​သူလန့်​ဖြန့်​သွားကာ​နောက်​ကျောဘက်​ကလူရှိရာသို့မျက်​နှာချင်းဆိုင်​လှည့်​လိုက်​မိသည်​။

သူလှည့်​လိုက်​သည်​နှင့်​နွေး​ထွေးသည့်​နှုတ်​ခမ်းသားတစ်​စုံဟာ သူ့နှုတ်​ခမ်း​ကိုထိကပ်​လာသည်​။ သူတွန်းကပ်​နေပင်​မယ့်​တဖက်​လူက သူ့ကိုတင်းကျပ်​စွာဖက်​တွယ်​ရင်း သူ့နှုတ်​ခမ်း​တွေကိုလည်းကြမ်းတမ်းစွာသိမ်းပိုက်​ပစ်​သည်​။

သူကြိုးစားရုန်းကန်​ပြီး​နောက်​မှသာ ဝမ်​ချီစန်းဟာသူ့ရဲ့နှုတ်​ခမ်းတစ်​စုံကိုအသာတကြည်​လွတ်​ငြိမ်းချမ်းသာခွင့်​ပေး​တော့သည်​။ သူ့ရဲ့ခါး​ပေါ်ရှိဝမ်​ချီစန်း၏လက်​တွေက​တော့တင်းကျပ်​စွာဖက်​တွယ်​ထားဆဲ။

"ဝမ်​စန်း?" အရင်​ကဆိုရင်​ခွင့်​ပြုချက်​တောင်းပြီးမှ နမ်းတတ်​သည့်​လူတစ်​ယောက်​က အခုလိုကြမ်းတမ်းစွာနမ်းလိမ့်​မည်​လို့သူတကယ်​ကိုမထင်​ထားခဲ့။ သူ့သတို့သားမဟုတ်​သည့်​တစ်​ယောက်​ယောက်​က ... ။ ထား​တော့ ... သူမစဉ်းစားချင်​တော့ဘူး။

"ကိုကိုက ကျွန်​တော့်​ကိုလွမ်းမ​နေဘူးပဲ"

တစ်​ရက်​နှစ်​ရက်​လို့​ပြောပြီး​ပျောက်​ချင်းမလှ​ပျောက်​သွားခဲ့သူမှာ မည်​သူနည်းလို့ သူ​မေးလိုက်​ချင်​ပါသည်​။ သူ့​ရှေ့က​လူ​ကြောင့်​ထုံကျင်​သွားသည့်​နှုတ်​ခမ်း​တွေဟာ စကား​ပြောဖို့ရာအတွက်​အလွန်​တရာမှခက်​ခဲ​နေသ​ယောင်​ဖြစ်​နေ၏။ ဝမ်​ချီစန်း၏လည်​တိုင်​ကိုသာ သူပြန်​ဖက်​တွယ်​ရင်း သူ့မျက်​နှာကိုလည်းဝမ်​ချီစန်း၏လည်​ပင်းညှပ်​ရိုး​ပေါ်တွင်​သာအပ်​ထားလိုက်​မိသည်​။ သူလွမ်း​နေခဲ့တာသူသာအသိဆုံးဖြစ်​၏။

"ကိုကိုက ကျွန်ေ​တာ့်​ကိုဖုန်း​လေး​တောင်​မဆက်​ဘူး​နော်​"

သူဆက်​ချင်​ပင်​မယ့်​သူမဝံ့မရဲဖြစ်​နေတာ​ကြောင့်​သာမဆက်​သွယ်​မိခဲ့တာဆိုရင်​သူ့သတို့သားဟာယုံကြည်​ပါ့မလား။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now