Part 212 💚❤ (This is nothing. Just because of love 💞)

2.6K 471 238
                                    

💓

This is nothing.  Just because of love 💞

💚❤

ဒီ​နေ့လည်း အတန်းထဲမှာ လူမစုံပြန်​ဘူး ။ ဒီက​နေ့ ဝမ်​ချီ​အော့​ဘေးမှာလာထိုင်​သူက မ​နေ့ကလူမဟုတ်​ဘူး ။

သူ့​ဘေးမှာထိုင်​​နေသည့်​လူဟာ စာအုပ်​ကိုသည်းကြီးမဲကြီးကြည့်​​နေသည့်​တိုင်​ ​ရှေ့ကသင်​​နေသည့်​သင်​ခန်းစာကို အာရုံပြု​နေပုံနည်းနည်း​လေးမှမ​ပေါ်ဘူး ။ စိတ်​​တွေ​လွေ့​မျော​နေပုံရတယ်​ ။ ထိုလူက နာရီကိုလည်း တကြည့်​ကြည့်​လုပ်​​နေ​သေးတယ်​ ။

"ချီစန်း မင်းဘာဖြစ်​" ဝမ်​ချီ​အော့ခပ်​တိုးတိုး​မေးလိုက်​တယ်​ ။

ဝမ်​ချီစန်းဘက်​က​ ပြန်​​ပြောမလာပြန်​ဘူး ။ ထိုသူ့ကို ဝမ်​ချီ​အော့ ဘုကြည့်​ကြည့်​လိုက်​တယ်​။

ဝမ်​ချီ​အော့ထပ်​​ပြီး ခပ်​တိုးတိုး​ပြောတယ်​။
"သ​ကောက​ပြောတယ်​ ဒီ​နေ့ကို ​နေ့လယ်​မှလာမယ်​တဲ့ သူတစ်​​နေရာသွားစရာရှိလို့တဲ့ ... ငါအဲ့ဒါ​တွေမ​ကျေနပ်​တာသိလားစန်းတိ ... သူ ရည်းစားရသွားတာနဲ့ ငါတို့ကို အဲ့လိုပစ်​ပစ်​သွား​ရောလား ... ငါတို့က သူငယ်​ချင်း​တွေလည်းမဟုတ်​ဘူး ... မင်းသိလားစန်းတိ ... ရှန်းလူက တကယ်​​တော့ ... နုနုဖက်​ဖက်​ပုံ​လေးနဲ့လူကိုအတင်းတွယ်​ကပ်​ပြီး ​သွေးကိုစုပ်​​နေ​တဲ့ ကျွတ်​လိုပဲ ... ငါတို့ရဲ့သူ​တော်​​ကောင်းသ​ကောကလည်း အစုပ်​ခံတယ်​" ​နေ့လည်​မှ ​ကျောင်းလာမယ့်​ဝမ်​ချီရီက သူကြည့်​​နေတဲ့ဝမ်​ချီစန်းလို အသည်းအသန်​ခဲမှန်​ပြီး ​ကျောင်းထဲ ​ပြေးဝင်​လာမှာ မဟုတ်​မှန်းကို ဝမ်​ချီ​အော့ယုံကြည်​တယ်​။ ဝမ်​ချီ​ရီက ​ခိုး​ကြောင်​ခိုးဝှက်​နဲ့ပဲ ​ကျောင်း​နောက်​ဘက်​က အုတ်​တံတိုင်း​ကိုပဲ ​ကျော်​တက်​လာမှာ။

"​ဟေ့!! စကားမများကြနဲ့"  အတန်း​ရှေ့ရှိဆရာက အစိမ်း​ရောင်​သင်​ပုန်းကို တဗြန်းဗြန်းထုရင်း ​ပြောတယ်​ ။ သူတိတ်​တိတ်​က​လေးပဲ စာအုပ်​ကိုပြန်​ကြည့်​​နေလိုက်​ရတယ်​။

အစိမ်း​ရောင်​ သင်​ပုန်းဘက်​ကို ဆရာပြန်​လှည့်​သွား​တော့မှ ဝမ်​ချီ​အော့လည်း ဝမ်​ချီစန်းအနားကပ်​ပြီး ခပ်​တိုးတိုး​လေး​ပြောပြန်​တယ်​ ။
"​တွေ့လား သ​ကော​ကြောင့်​ ငါတို့ဆူခံရပြီ"

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now