Part 207 💚❤ (One morning 👨‍❤️‍💋‍👨)

2.6K 469 87
                                    

💓

One morning 👨‍❤️‍💋‍👨

💚❤

လေငြိမ်​သွားပင်​မယ့်
မိုးက​တော့ရွာ​နေဆဲပဲ ။

အပြာ​ရောင်​​ကောင်းကင်​ကြီးမှာ
နေ​ရောင်​​တောက်​​တောက်​​တွေ​ပေါ်လာပြီ ။

ဟိုတယ်​ရဲ့မှန်​တံခါးပြတင်း​ပေါက်​က
အ​နောက်​ဘက်​အရပ်​ကို မျက်​နှာမူထားလို့ထင်​တယ်
နေထွက်​လာတာကို သူမမြင်​ရဘူး ။

လေငြိမ်​​နေတဲ့ ​ကောင်းကင်​ပြင်​မှာ
လျှပ်​စီး​တွေ လပ်​တယ်​ ။
မိုး​တွေခြိမ်းတယ်​ ။

သူတို့နှစ်​​ယောက်​အတူရှိ​နေကြလို့များ ဒီလို​တွေဖြစ်​​နေတာလား ။
သူမသိဘူး ။
သူသိတာဆိုလို့ သူ့​ဘေးမှာရှိတဲ့သူ့ဘက်​လှည့်​အိပ်​​နေတဲ့လူက စိတ်​ဝင်​စားဖို့အ​တော်​​ကောင်းတယ်​ဆိုတာပဲ ။
ဆံပင်​ထိုးထိုး​ထောင်​​ထောင်​နဲ့ ရှုပ်​ရှုပ်​ပွပွ​လေး​တွေ ။
မေးရိုးထင်းထင်းနဲ့ နားပါးပါး​လေး​​တွေ ။
ဂွမ်း​စောင်​ဖျားကိုဆုတ်​ထားတဲ့ လက်​​ချောင်း​သွယ်​​လေး​တွေ ။
ပုခုံးထပ်​မှ ​လျော့ရိ​လျော့ရဲချ​နေတဲ့​ရေချိုးဝတ်​ရုံစ​ကြောင့်​ ပုခုံးဆစ်​​သေး​သေး​လေးနဲ့အတူ လည်​ပင်းညှပ်​ရိုးထင်းထင်း​တွေ ။
ပြီး​တော့ သူ​ဆွဲ​ပေးထားတဲ့ လက်​စွပ်​ပါတဲ့​ငွေ​ရောင်​မျှင်​မျှင်​ကြိုး​လေး ။
သူ​မေး​ထောက်​ကာ ​ငေး​နေရင်းမှာပဲ နှုတ်​ခမ်း​ထောင့်​​လေးကို မသိမသာ​ကွေးတက်​မိလိုက်​တယ်​ ။

အခုချိန်​ ဘယ်​လိုစိတ်​ဖြစ်​​နေ​နေ
သူ စချစ်​ခဲ့တုန်းက ဒါ​တွေမပါခဲ့ဘူး​လေ ။
သူက ​သူ​တော်​​ကောင်း​တစ်ေ​ယာက်ေ​တာ့မဟုတ်​ဘူး ။
ဘုံ​ကျောင်းကကိုယ်​​တော်​တစ်ဦးလည်းမဟုတ်​ဘူး ။
ဒါပင်​မဲ့ သူ့မျက်​​စေ့​ရှေ့ကလူကို သူမလုပ်​ရက်​ဘူး ။
ဆက်​ဆံတာက မ​ကောင်းတဲ့အလုပ်​​မဟုတ်​ဘူးဆိုတာ သူသိတယ်​ ။
ချစ်​ခြင်းတရား​တွေ​ပေါင်းစပ်​ပြီး အတူ​ပျော်​ရွှင်​စရာရှာ​ဖွေဖို့​ကောင်းတဲ့အရာ မှန်းလည်းသူသိတယ်​ ။
ဒါပင်​မဲ့ ဒီနှစ်​​တွေအတွင်း
အ​ဝေးက​နေပဲ ​ငေးကြည့်​​နေခဲ့လို့ထင်​တယ်​ ။
သူဒီအတိုင်း ကြည့်​​နေရရင်​ကို ​ကျေနပ်​​နေမိပြီ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now