Part 218 💚❤ ( 💛 After the teenage years have passed 💛 )

1.2K 192 54
                                    

Unicode

💓

💛 After the teenage years have passed 💛

💚❤

​ရှောင်းကျန့်​သည်​ဝမ်​ချီရီ၊ ဝမ်​ချီ​အော့ နှင့်​ဝမ်​ချီစန်းတို့သုံးဦးအား ကား​မောင်းသင်​တန်းသို့လိုက်​ပို့ပြီးသည့်​နောက်​ဝမ်​ရိ​ပေါ်၏ကုမ္ဗဏီ​ရှေ့သို့လည်းလိုက်​ပို့ရပြန်​သည်​။ အိမ်​မှစထွက်​လာတည်းက ကုမ္ပဏီ​ရှေ့​ရောက်​သည်​အထိ ကား​မောင်းသူက​တော့ ဝမ်​ရိ​ပေါ်ပါပဲ။

ကုမ္ပဏီ​ရှေ့​ရောက်​သည့်​အခါ ကား​မောင်​သူဘက်​မှ ဝမ်​ရိ​ပေါ်ဆင်းလာသလို တဖက်​ထိုင်​ခုံမှာလိုက်​ပါလာသည့်​ရှောင်းကျန့်​သည်​လည်း​ပေါင်​ပေါ်တွင်​တင်​ထားသည့်​ခြင်း(အထဲတွင်​ကျင်း​ကော်​ပါသည်​)ကိုခုံတွင်​ထားခဲ့ကာ ကား​ပေါ်မှလိုက်​ဆင်းသည်​။

"ပြီးရင်​ကိုကိုလာကြိုရမလား ... ကိုယ့်​ဘာသာပဲ ပါးပါးအိမ်​ကိုလာမလား" ကား​မောင်းသူဘက်​ခုံတွင်​ဝင်​ထိုင်​တော့မည့်​ရှောင်းကျန့်​သည်​ဝမ်​ရိ​ပေါ်၏မျက်​နှာအားမကြည့်​ပဲ​မေးလိုက်​သည်​။

ဝမ်​ရိ​ပေါ်ဘက်​မှ ဘာစကားပြန်​မှမရသည့်​အခါတွင်​ရှောင်းကျန့်​သည်​ဝမ်​ရိ​ပေါ်အားလှည့်​ကြည့်​သည်​။ ဝမ်​ရိ​ပေါ် ညှိုးငယ်​စွာရပ်​နေသည်​က ယခုမှ မူကြို​ကျောင်း​စတတ်​ရသည့်​က​လေးငယ်​လေးတစ်​ဦးနဲ့​တောင်​တူ​နေသည်​။ လက်​ထဲမှာကိုင်​ထားသည့်​ရုံးစာရွက်​များနှင့်​လက်​တော့ထည့်​ထားသည့်​အိတ်​ကိုလည်း လက်​ကိုင်​ကြိုးအား လုံး​ချေကာ​နေ​သေးသည်​။

​ရှောင်းကျန့်​ဆိုးထိတ်​ကာ​မေးလိုက်​သည်​။
"ဘာဖြစ်​လို့လဲ ... ဘယ်​နား​နေမ​ကောင်းလို့လဲ"

ဝမ်​ရိ​ပေါ်သည်​သူလုံး​ချေ​နေသည့်​လက်​ကိုင်​ကြိုးအားငုံ့ကြည့်​ရင်း​ပြောလိုက်​သည်​။
"ကိုကို့ကို လိုက်​ပို့ပြီးမှ ကျွန်​တော်​ဒီပြန်​လာလို့မရဘူးလား"

ဝမ်​ရိ​ပေါ်၏စကားကိုကြားပြီး​နောက်​ကား​နောက်​ခန်းမှဝမ်​ကျိုးယွဲ့သည်​သူမနှဖူးကို သူမရိုက်​သည်​။ ဝမ်​ပု​ဟွေ့သည်​တဖက်​ကားပြတင်း​ပေါက်​ဘက်​သို့ချာခနဲလှည့်​သွားသည်​က သူမ မြင်​လိုက်​ရသည့်​မြင်​ကွင်းကို မျက်​လုံးအနာခံပြီး​နောက်​တကြိမ်​ဆက်​မကြည့်​နိုင်​တာ့သည့်​ပုံပင်​။ ခြင်းထဲမှကျင်း​ကော်​က​အမြီးတလှုပ်​လှုပ်​။​ရှောင်းကျန့်​မှာ​တော့ ကား​ပေါ်ပဲထိုင်​ရ​တော့မလို၊ ကားတံခါးကိုပိတ်​ပြီးပဲ မူကြို​ကျောင်းသားလိုအမူအရာကိုပြုမူ​နေသည့်​ဝမ်​ရိ​ပေါ်ကိုပဲ​ပြေး​ချော့ရ​တော့မလိုဖြင့်​မတ်​တပ်​ကြီး ဆွံအ​နေရဆဲ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now