Part 202 💚❤ (Bad, Evil, Wicked!)

2.7K 436 149
                                    


💓

Bad, Evil, Wicked!

💚❤

အိမ်​ပြန်​လမ်းမထပ်​မှာ ​ခေါင်းငိုက်​စိုက်​ကျရင်း ​ကျောက်​စလစ်​အပိုင်းအစ​တွေကို ဟိုကန်​ဒီကန်​နဲ့​လျှောက်​​လာတဲ့​ကောင်​​လေးကို ကံကြမ္မာက ​ကြေကွဲခွင့်​​တောင်​ အပြည့်​အဝမ​ပေးပြန်​ဘူး ။ ဝုန်းဆို ​ကျော​ပေါ်​ရောက်​လာတဲ့လူက သူ့လည်​ပင်းကို အတင်းညှစ်​ထားတယ်​ ။

"အဆင်​မ​ပြေခဲ့ဘူးလားစန်းတိ"

ကျော​ပေါ်ခွစီး​နေတဲ့ ဝမ်​ချီ​အော့က သူ့ရဲ့ပူစပ်​​နေတဲ့ပါးပြင်​​တဖက်​စီကို ​အေးစိမ့်​​နေတဲ့အ​အေးဗူးနှစ်​ဗူးနဲ့ကပ်​​ပေးတယ်​ ။ သူညီးညူမ​နေ​တော့ပါဘူး ။

"​အော့​ကောရာ မင်းအသာ​နေစမ်းပါကွာ"

"အင်း​ပေါ့ ... မင်းကပတ်​သတ်​ရမယ့်​လူရှိလာ​တော့ ဒီက ​အော့​ကော​ကောကို ဘယ်​စိတ်​ရှည်​ပါ​တော့မလဲ"

"ဖယ်​စမ်း"

"ရ​အောင်​ ခါချ​လေ"

သူဘယ်​​လောက်​ခါချချ သူ့ခါး​တွေ ​ကျော​တွေ လည်​ပင်း​တွေသာ နာသွားမယ်​ ဝမ်​ချီ​အော့က​တော့ သူ့ကိုယ်​​ပေါ်က ပြုတ်​ကျလာမည်​မဟုတ်​ ။ ​ခြေ​ရောလက်​​ရောဖြင့်​ အတင်းဖက်​တွယ်​ထား​နေ​လေရဲ့ ။

"​ဒီအချိန်​ကြီး မင်းဘာလို့ထွက်​​နေတာလဲ"

"ငါ့မှာ ညီတ​ယောက်​ထဲရှိတာ​လေ
ငါ့ညီ​လေးကိုငါစိတ်​မချလို့​ပေါ့"

"မင်းက ငါ့ကိုစိတ်​မချဘူး?
ဒါနဲ့များ ဘာလို့ ​နောက်​​​တောင်​လှည့်​မကြည့်​ပဲ ကား​ပေါ်​ပြေးတက်​သွားတာလဲ"

"ဘယ်​ကလား ဘယ်​ကလား
ငါလည်း ရ​ပေါက်​က​လေးရှိလို့ရှိငှါးနဲ့ပါးပါး​နောက်​အ​ပြေးလိုက်​ရတာ​ပါ ... မင်းအတွက်​လည်း ငါ​တောင်း​ပေးထားပါ​သေးတယ်​"

"ဘယ်​ကစန်း​ကောကို စိတ်​မချရမှာလဲ!
ညဘက်​ကြီး ဗိုက်​ဆာလို့ဆိုပြီး ယွဲ့ယွဲ့ကို မုန့်​လိုက်​ဝယ်​​ကျွေးခိုင်းပြီး​တော့!" သူတို့အနား​ရောက်​​လာတဲ့ဝမ်​ကျိုးယွဲ့က ​ဒေါသ​တွေဖြစ်​ကာ ​အော်​တယ်​ ။ ဝမ်​ချီစန်းကလည်း သိပါတယ်​ဆိုတဲ့အမူအရာ​တွေနဲ့ ​ခေါင်းညိတ်​ပြတယ်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now