Part 209 💚❤ (Thay are very frustrating 💔)

2.4K 461 68
                                    

💓

They are very frustrating 💔

💚❤

သူ့ချစ်​သူက သူ့ကိုအင်္ကျီတစ်​ထည်​ထုတ်​​ပေးတယ်​ ။ လက်​ထဲ​ရောက်​လာတဲ့အဖြူ​ရောင်​ရှပ်​က သူဝတ်​​နေကျ အင်္ကျီပုံစံမျိုး ။ သူဒီမှာ တစ်​ပတ်​တစ်​ခါ​လောက်​ဖြစ်​ဖြစ်​လာ​နေဖူးတယ်​ ။ ဒါပင်​မဲ့ အင်္ကျီထားခဲ့တာမျိုး​တော့မရှိခဲ့ဘူး ။ သူမ​မေး​တော့ပဲ ပြဲရဲ​နေသည့်​​ကျောင်းဝတ်​စုံကိုချွတ်​လိုက်​ပြီး သူ့ချစ်​သူထုတ်​​ပေးတဲ့ အဖြူ​ရောင်​ရှပ်​လက်​ရှည်​အား ဝတ်​လိုက်​တယ်​ ။ သူကြယ်​သီးတပ်​တာကို​ သူချစ်​သူမြင်​​တော့ ကြယ်​သီးလာတပ်​​ပေးတယ်​ ။ သူကအ​ပေါ်ကြယ်​သီးတပ်​ရင်​ သူ့ချစ်​သူက ​​နောက်​တစ်​လုံးကိုတပ်​​ပေးတယ်​ ။

"ဘာလို့မ​မေးတာလဲ" ကြယ်​သီးတပ်​​ပေးရင်း ရှစ်​ရှန်းလူ​မေးလိုက်​တယ်​ ။

"ဘာကိုလဲ"

"ဒီအင်္ကျီအ​ကြောင်း"

"ဝယ်​ထားတာလား"

"အင်း ငါကိုယ်​တိုင်​​တော့မဟုတ်​ဘူး
ယီ​ရှောင်​​ကိုဝယ်​ခိုင်းထားတာ"

"အင်း"

သူ 'အင်း´ တစ်​လုံးသာ​ပြောပြီး နံရံကပ်​မှန်​ဘက်​ကိုလှည့်​လိုက်​တယ်​ ။ ​ကော်​လံကို​သေချာပြင်​ပြီး အင်္ကျီလက်​ကို တံ​တောက်​​ကွေး​ရောက်​သည်​အထိ ​ခေါက်​တင်​လိုက်​တယ်​ ။ သူ့ချစ်​သူက​တော့ သူ့ထားခဲ့တဲ့​နေရာမှာ ရပ်​​နေဆဲ ။

"​ယောက်ျား"

"အင်း"

"ဘာလို့ သူ့ကိုဝယ်​ခိုင်းတာလဲလို့မ​မေးဘူးလား
သူနဲ့ဘယ်​တုန်းက​တွေ့လည်းဆိုတာ​ကို​ရော မင်းမ​မေးဘူးလား
မင်းသဝန်​မတိုဘူးလား"

ဝမ်​ချီရီပြုံးလိုက်​မိတယ်​ ။ သူသဝန်​မတိုတာမဟုတ်​ဘူး ။ သူက တခြားလူ​တွေထက်​​တောင်​တွန့်​တိုတတ်​​သေးတယ်​ ။ တခြားလူ​တွေထက်​​တောင်​ စိတ်​မချဖြစ်​မိ​သေးတယ်​ ။ ဒါပင်​မဲ့လို့ မစဉ်းစားပဲ အချိန်​တိုင်း ၊ စကားလုံးတိုင်းသာ သဝန်​လိုက်​တို​နေရရင်​ တ​နေ့ပြီးတ​နေ့ သူတို့မှာ ရှင်းရမယ့်​ပြသနာ​တွေက နည်းမှာမဟုတ်​​တော့ဘူး ။ တခြားအ​တွဲ​တွေထက်​​တောင်​ များချင်​များသွားနိုင်​​သေးတယ်​ ။ သူ့အပြုံးကို မှန်​ထဲကတစ်​ဆင့်​မြင်​သွားတဲ့ရှစ်​ရှန်းလူက သူ့​ကျောပြင်​ကို လက်​သီးနဲ့လှမ်းထိုးတယ်​ ။ ဒီတစ်​ခါထိုးတဲ့လက်သီးမှာ အားပါတယ်​ ။ သူ့ကိုယ်​သူ အဆုတ်​​တောင်​​ကြွေသွားပြီထင်​လိုက်​တယ်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now