Part 220 💚❤ ( 💛 A night of the yellow world 💛 )

2.1K 203 48
                                    

Unicode

💓

💛 A night of the yellow world 💛

💚❤

💚❤ အခုအချိန်​ထိ  ရန်​မဖြစ်​တတ်​ကြ​သေးသည့်​လင်​ယောက်ျားနှစ်​ဦး ❤💚

ခြံဝန်းထဲတွင်​ကားရပ်​သည်​နှင့်​ရှောင်းကျန့်​သည်​တုန့်​ဆိုင်းမ​နေဘဲ ကားတံခါးဖွင့်​ကာ ဆင်းလိုက်​သည်​။ လက်​ထဲတွင်​လည်း ကျင်း​ကော်​ထည့်​ထားသည့်​ခြင်းကိုကိုင်​ဆွဲလို့ထား​သေးသည်​။ သူ့လူသား​နောက်​သို့ ဝမ်​ရိ​ပေါ်​ပြေးမလိုက်​မိဘဲ ကား​မောင်းသူ​နေရာမှာသာ သူ​ပေ​တေပြီးထိုင်​နေလိုက်​သည်​။

သူဘယ်​လို​ချော့သင့်​သလဲ ...။
သူ့သားအငယ်​ဆုံး​ကောင်​ရဲ့​ခေါင်း​ပေါ်ကိုပဲ ထိုပြဿနာအထုပ်​ကြီးတင်​ပေးလိုက်​ရမလား ... ။

မုန်​တိုင်းမလာခင်​တိတ်​ဆိတ်​နေသလိုအ​နေအထား​ကြောင့်​မည်​သူမျှပင်​စကားမဆိုရဲကြ။ အသံကျယ်​ကျယ်​မထွက်​ရဲသည်​ကြောင့်​လည်း သက်​ပြင်းချလိုက်​သည့်​အသံကို​တောင်​တိုးတိတ်​စေလိုက်​ကြသည်​။

​နောက်​ခန်းတွင်​ကျပ်​ကျပ်​တည်​တည်းထိုင်​ပြီး လိုက်​လာရသည်​လူ​တွေပင်​ကားတံခါးကိုအသံကျယ်​ကျယ်​မဖွင့်​ရဲကြဘဲ တိတ်​တဆိတ်​သာ ကား​ပေါ်မှဆင်းကြသည်​။ ဝမ်​ချီ​အော့က​တော့ ကား​ပေါ်မှဆင်းခါနီး ... ကား​မောင်းသူ​နေရာမှာထိုင်​နေသည့်​ဝမ်​ရိ​ပေါ်ကိုပုခုံး​လေးအသာပွတ်​ရင်း အား​ပေးစကား​ကို ခပ်​တိုးတိုး​လေး​ပြောလိုက်​သည်​။
"ပါးပါး ... ဒီ​နေ့မရှင်းရင်​နောက်​ရက်​ပြဿနာပိုကြီးသွားလိမ့်​မယ်​"

"ဒီ​နေ့မဟုတ်​ဘဲ​နောက်​ရက်​မှ​တောင်​သိ​စေချင်​တာ"
ဒီကိစ္စအား တသက်​လုံးဖုံးကွယ်​ထားလို့ရရင်​ပို​ကောင်းမှာလို့​တောင်​ဝမ်​ရိ​ပေါ်​တွေးလိုက်​သေးသည်​။

ဝမ်​ပု​ဟွေ့နှင့်​ဝမ်​ကျိုးယွဲ့သည်​ထိုကိစ္စအား သူမတို့နှင့်​မဆိုင်​သလို ...​ရှောင်းကျန့်​နောက်​မှ နီးနီးကပ်​ကပ်​လိုက်​သည်​။ သူမတို့​နောက်​မှ လိုက်​သည့်​ဝမ်​ချီရီသည်​လက်​ထဲမှဖုန်းကိုတ​တောက်​တောက်​ဖြင့်​ရိုက်​ရင်း သူအိမ်​ပြန်​ရောက်​ပြီဖြစ်​ကြောင်းကို သူ့ချစ်​သူဆီသံ​တော်​ဦးတင်​နေသည်​။ ဝမ်​ချီ​ရီ​နောက်​မှလိုက်​သည့်​ဝမ်​ချီစန်းသည်​ကား​ပေါ်ကမဆင်း​သေးသည့်​ဝမ်​ရိ​ပေါ်ကို လှည့်​ကြည့်​လှည့်​ကြည့်​ဖြင့်​လျှောက်​လှမ်းခဲ့သည်​။ ဝမ်​ချီ​အော့သည်​ထိုလူတန်းကြီး​နောက်​မှ ခပ်​နှေး​နှေးက​လေး​လိုက်ခဲ့​သည်​။

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now