Part 206 💚❤️ (It is too early to do so 💛💛)

2.6K 445 193
                                    

💓

It is too early to do so 💛💛

💚❤

*ကျွီ*

ညည့်​နက်​​နေပြီဖြစ်​တာ​ကြောင့်​ သူမရဲ့တံခါးတွန်းဖွင့်​သံက ခပ်​တိုးတိုး​လေး ။

"ငါတို့အ​ဒေါ်ကြီးက အရမ်းသိတတ်​တာပဲ!"

သူမဘယ်​​လောက်​ပင်​ နူးညံ့သိမ်​​မွေ့စွာ လှုပ်​ရှား​နေပါ​စေ သူမဝင်​လာသည်​ကို ကြိုဆိုသူက​တော့ အာပြဲ​နေ​အောင်​​အမွှန်းတင်​တယ်​ ။ အသက်​အားဖြင့်​​တော့ ငယ်​တယ်​ ဝါအားဖြင့်​​တော့ကြီးတဲ့သူမက ဒီအမွှန်းတင်​မှုကို မခံယူနိုင်​ပါဘူး ။ အ​ဒေါ်တစ်​​ယောက်​အ​နေနဲ့ လုပ်​​ပေးသင့်​တယ်​ထင်​လို့ လုပ်​​ပေးဖြစ်​​နေတာ ။ သူ့ဘဝရဲ့ကံကြမ္မာလမ်း​ကြောင်းမှာကိုက သိတတ်​ရမယ်​ဆိုတဲ့အရာက ပါလာပြီးသားများလား ။

"ရှူး~" သူမရဲ့နှုတ်​ခမ်းထူထူ​ပေါ် လက်​ညှိုးတစ်​​ချောင်းတင်​ပြီး တိုးတိုး​နေဖို့​ပြောပင်​မယ့်​လည်း ထိုလူက​တော့ သူမရဲ့အပြုအမူ​တွေကို ဥပက္ခာပြုထားပြီး ထပ်​​ပြောပြန်​တယ်​ ။

"​ယောက်ျား​ကောင်း​ကောင်းရပါ​စေဗျ!"

ထိုလူ့ရဲ့အသံက အိမ်​အပြင်​ဘက်​မှာသည်းကြီးမဲကြီးရွာချ​နေတဲ့မိုးသံထက်​​တောင်​ဆူညံ​နေ​သေးတယ်​ ။ ထိုအာပြဲ​နေသည့်​လူအား သူမလက်​တွင်းမှသယ်​​ဆောင်​လာသည့်​ ​ကော်​ဖီခွက်​​တွေနဲ့ ​ကောက်​ပတ်​လိုက်​ချင်​​လောက်​တဲ့အထိ ​ဒေါသထွက်​သွားပင်​မယ့်​လည်း စိတ်​ကို​တော့ထိန်းချုပ်​ထားရဆဲ ။

ဝမ်​ပု​ဟွေ့ရဲ့အရိပ်​အ​ခြေကို လိုက်​​ကြည့်​​နေသည့်​ဝမ်​ကျိုးယွဲ့ကမ​နေနိုင်​စွာဝင်​​ပြောဖြစ်​တယ်​ ။
"​အော့​ကော​ကောအသံကပြဲလန်​​နေတာပဲ"
ဝမ်​ကျိုးယွဲ့ရဲ့လက်​​သေး​သေး​လေး​တွေက ဝမ်​ပု​ဟွေ့ရဲ့ခါးမှာ​နေရာယူတယ်​ ။ အ​ကြောက်​အကန်​ဖက်​ထားပုံကလည်း သူမ ဝမ်​ချီ​အော့ကိုရိုက်​လိုက်​မှာစိုးရိမ်​​နေတဲ့ပုံ ။

"ဘာ​ပြောတာ!" မိုးသံ​ကြောင့် သူတကယ်​ကိုမကြားတာ​ကြောင့်​ပါ ။ သူ့အသံသူပြန်​ကြား​အောင်​​အော်​​နေသည့်​ ဝမ်​ချီ​အော့ကို ဝမ်​ချီရီက ဖက်​ကနဲ ​ခေါင်းကိုစာအုပ်​နဲ့လှမ်းရိုက်​တယ်​ ။ စာအုပ်​ပါးပါး​လေးဖြစ်​တာ​ကြောင့်​ သူနာ​တော့မနာသွားပါဘူး ။ ဒါပင်​မဲ့လည်း အခွင့်​ရတုန်းမို့ သူဆဲလိုက်​တယ်​ ။
"​သောက်​​ခွေး​ကောင်​!"

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now