Part 208 💚❤ (The three wicked ones 🙍🏻‍♂️🙎🏻‍♂️💁🏻‍♂️ )

2.3K 455 24
                                    

💓

The three wicked ones 🙍🏻‍♂️🙎🏻‍♂️💁🏻‍♂️

💚❤

သင်္ချာသင်​​နေသည့်​အလုပ်​သင်​ဆရာမ​လေး၏အတန်းတွင်​ ​နောက်​ဆုံးတန်းလည်းမကျ ​ရှေ့ဆုံးတန်းလည်းမကျသည့်​ အလယ်​အလတ်​တန်းမှာ သူတို့နှစ်​ဦးထိုင်​​နေကြသည်​ ။
ထိုနှစ်​​ဦးလုံးသည်​ ​ရှေ့ကလူ​တွေဖြင့်​ကွယ်​ပြီး Wechat သုံး​နေသူကတစ်​​ယောက်​ ၊ စာလိုက်​ကြည့်​​နေသူက တစ်​​ယောက်​ ။
သူတို့ကိုဘယ်​​လောက်​ပဲကွယ်​​နေ​နေ စင်​မြင့်​​ပေါ်မှာ​နေရာယူထားတဲ့အလုပ်​သင်​ဆရာမမြင်​​နေရတယ်​ဆိုတာကို​တော့ သူတို့မသိရှာဘူး ။

"သ​ကော မင်းဟာက မပြီး​သေးဘူးလား" ဝမ်​ချီ​အော့ရဲ့အသံကခပ်​တိုးတိုး ။

ဝမ်​ချီ​အော့ကို တံ​တောင်​နဲ့တိုးပြီး ဝမ်​ချီရီစာဆက်​ရိုက်​တယ်​ ။ တည်​ငြိမ်​​နေတဲ့သူရုပ်​သွင်​ပြင်​ရဲ့​နောက်​မှာ စိတ်​ထဲဘယ်​​လောက်​ဆူပွက်​​ပူ​လောင်ေ​နမလဲဆိုတာကို​တော့ ဝမ်​ချီ​အော့မသိရှာဘူး ။

ရှေ့မှာစာသင်​​နေသည့်​အလုပ်​သင်​ဆရာမ​လေးက ​ခပ်​​အေး​အေး ။ ဒါကိုအခွင့်​​ကောင်းယူ​နေတဲ့ အတန်းတစ်​ခုလုံးက​တော့ တစ်​​ယောက်​တစ်​​ပေါက်​နဲ့ ဆူဆူ ညံ့ညံ့​တော့ရှိတယ်​ ။

ဝမ်​ချီ​အော့​မေးလိုက်​တယ်​ ။
"စန်းတိက မလာ​တော့ဘူးလား"

ဝမ်​ချီ​အော့ရဲ့​မေးခွန်းကို ဝမ်​ချီရီပြန်​မ​ဖြေအားပဲ ဖုန်းတစ်​လုံးနဲ့သာအလုပ်​ရှုပ်​​နေတယ်​ ။ ဖုန်းတစ်​လုံးနှင့်​​ယောက်​ယက်​ခတ်​​နေသည့်​ဝမ်​ချီ​ရီကို ဝမ်​ချီ​အော့ စပ်​စပ်​စုစု နဲ့ကြည့်​လိုက်​တယ်​ ။ ဝမ်​ချီရီကသာစာ​တွေပို့​​နေတာ တစ်​ဖက်​က​တော့ စာ​လေးတစ်​​ကြောင်း​တောင်​မပြန်​ဘူး ။

"သ​ကော အဲ့ဒါရှန်းလူလား"

"မင်းခဏ​လေး​နေ​ပေးပါ​အော့တိရာ"

"မင်းအဲ့ဒါ ဝဋ်​လည်​တာပဲ"

ဝမ်​ချီ​အော့ရဲ့လက်​​မောင်းကို ဝမ်​ချီရီလက်​သီးနဲ့ပိတ်​ထိုးလိုက်​တယ်​ ။ ဝမ်​ချီ​အော့သည်​လည်း ဝမ်​ချီရီကို လက်​ပြန်​တံ​တောင်​နဲ့ပြန်​ရိုက်​တယ်​ ။ အပြန်​အလှန်​ချ​နေတဲ့သူတို့နှစ်​ဦးကို ​မြေဖြူ​လေးကိုင်​ထားတဲ့အတန်း​ရှေ့ကဆရာမက​တော့ ​ကြောင်​စီစီ​​အမူအရာ​လေးနဲ့ကြည့်​​နေခဲ့တယ်​ ။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now