Part 203 💚❤ (They are popular among young people 💘)

2.4K 435 85
                                    

💓

They are popular among young people 💘

💚❤

"စန်း​အော်​​ရော???"

မနက်​စာဝိုင်းအတွက်​ လူတ​ယောက်​လို​နေတယ်​ ။ ​မေးခွန်းတခု​ကြောင့်​ ဝမ်​ချီရီနှင့်​ဝမ်​ချီ​အော့ တ​ယောက်​မျက်​နှာတ​ယောက်​ကြည့်​​နေကြသလို ဝမ်​ပု​ဟွေ့နှင့်​ဝမ်​ကျိုးယွဲ့လည်း တ​ယောက်​မျက်​နှာတ​ယောက်​ကြည့်​မိကြတယ်​ ။ တစ်​ဦးတစ်​​ယောက်​ဆီကမှ ​ဖြေဆိုသံမကြားတာ​ကြောင့်​ ​ရှောင်းကျန့်​လည်း ထမင်းဝိုင်းထိပ်​မှာထိုင်​​နေတဲ့ ဝမ်​ရိ​ပေါ်ဆီသာအကြည့်​​ရောက်​သွားရတယ်​ ။ မျက်​လုံးဝိုင်း​တွေနဲ့ ဟိုကြည့်​ဒီကြည့်​လုပ်​​နေတဲ့ လူသား​လေးက ဘာမှမသိတဲ့ က​လေး​လေးတ​ယောက်​ပမာ ။ သူပြုံးရုံသာ ပြုံးပြလိုက်​ပင်​မယ့်​ သူ့လူသားက​တော့ လိုက်​ပါပြုံးရယ်​လိုက်​ခြင်းရှိမ​နေခဲ့ဘူး ။ တိတ်​ဆိတ်​​နေတဲ့ထမင်းစားခန်းထဲ ​ရေခရားငှဲ့သံက ရှစ်​ရှန်းလူဆီက ထွက်​လာတယ်​ ။ အသံလာရာကိုလှည့်​ပြီး ​ရှောင်းကျန့်​ကပြုံးပြ​တော့ ရှစ်​ရှန်းလူသည်​လည်း ဖန်​ခွက်​ထဲ ​ရေ​ရောက်​တယ်​ဆိုရုံမျှထည့်​ပြီး ခွက်​ဖင်​ကပ်​သာရှိ​နေ​သေးတဲ့​ရေကို​ကြောက်​အားလန့်​အားနဲ့ ​မော့​သောက်​လိုက်​တယ်​ ။ ဒါ​တောင်​​ရေက ပါးစပ်​ထဲ လုံးလုံးလျားလျားဝင်​သွားခြင်းမရှိပဲ ​မေးဖျားမှာ​ရေသီး​တွေတွဲခိုကုန်​တာ​ကြောင့်​ သူ့ကို ဝမ်​ချီရီကသုတ်​​ပေးရ​သေးတယ်​ ။

အချိန်​မီထမင်းစားခန်းထဲ အ​ပြေးဝင်​လာသည့်​ဝမ်​ချီစန်းက​ ဘာမှမဖြစ်​သလိုပဲ ။ ​နေရာမှာဝင်​ထိုင်​ပြီးတဲ့ ဝမ်​ချီစန်းက သစ်​သားတူကို ဆက်​ခနဲကိုင်​ပြီး နှုတ်​ခမ်းတွင်​​တေ့ရင်း ​ပြောတယ်​ ။
"စား​တောင်​စား​နေကြပြီလား
ကျွန်​​တော်​မနက်​ပိုင်းခဏ အပြင်​ကို လမ်း​လျှောက်​ထွက်​​တာ"

သူ့မျက်​လုံး​တွေကို​ရှောင်​လွှဲ​နေတဲ့ ဝမ်​ချီစန်းကို ​ရှောင်းကျန့်​မမှိတ်​မသုန်​ ကြည့်​​နေစဉ်​မှာ ဝမ်​ရိ​ပေါ်ဝင်​​ပြောတယ်​ ။
"ကိုကိုစား​တော့မလား"

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now