- 39 -

3K 543 25
                                    

Unicode

ယနေ့အတွက် ဘတ်ဟျွန်းသည်ကား ခါတိုင်းရုံးသွားရင် ဝတ်နေကျဖြစ်သည့် ရှပ်အင်္ကျီအပေါ်ထက်တွင်မှ
ခေါင်းစွပ် Hoodie ပွပွကြီး တစ်ထည်ကိုဝတ်ရင်း
မျက်နှာကို အဆုံးအစွန်ထိငုံ့ချကာ ကျောပိုးအိတ်ကြိုးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး Company ထဲသို့ဝင်လာလိုက်သည်။

သူကြိုတင်ခန့်မှန်းထားသည့်အတိုင်း company အတွင်း သွားလာလှုပ်ရှားနေကြသော ဝန်ထမ်းများ၏ အကြည့်များမှာ သူ့ထံသို့မသိမသာ ကျရောက်နေကြပြီး တိုးတစ်ခွန်း ကျယ်တစ်ခွန်း ပြောဆိုနေကြသည်များက နေရာအနှံ့ပါလေ ။

ကြိုတင်ပြင်ဆင်ထားတာတောင် လက်တွေတုန်တဲ့အထိ စိတ်လှုပ်ရှားနေတာမို့  ပါးစပ်ထဲမှလေများကို အားတင်းကာ ရှူထုတ်ချလိုက်ပြီးနောက် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသော ခြေလှမ်းများကို ပြန်၍ စတင်လိုက်ပါ၏ ။

' CEO ကလေ .. သူ့အတွင်းရေးမှူးနဲ့ တွဲနေတာတဲ့ ´

' ဟယ်  ဘယ်လိုကြီးလဲ ´

ကော်ဖီခွက်လေး လက်ကကိုယ်စီကိုင်လို့ စကားတပြောပြောနှင့် လျှောက်လာသော ကောင်မလေး ၂ ယောက်သည် သူ့ကိုမြင်သည့်ဟန်မရသေးပဲ စကားကို မတိုးမကျယ် ပုံမှန်အနေအထားဖြင့်ပြောရင်းလျှောက်လာလေသည် ။
သူတို့ ပြောဆို ဆွေးနွေးလာကြသော စကားအကြောင်းအရာနှင့် မျက်နှာအမူအရာတုံ့ပြန်မှုတို့ကို မြင်လိုက်ရတော့ ဘာကြောင့်ရယ်မှန်းမသိ  Baekhyun ခြေလှမ်းတွေ ရပ်တန့်ကုန်ကာ ခေါင်းကိုငုံ့သထက် ပိုငုံ့မိလိုက်ပါ၏ ။

ထိုကောင်မလေးတွေ ဖြတ်ကျော်သွားသည့်အချိန်မှသာ
စိတ်လှုပ်ရှားစွာ အောက်နှုတ်ခမ်းကို တမြုံ့မြုံ့ ကိုက်နေရင်း ခြေတစ်လှမ်းပြန်စမည် ပြင်လိုက်သည် ။

' အမေ့ ! ´

ထိုစဥ် နောက်မှနေ ကျောပိုးအိတ်ကို ဆတ်ခနဲ ဆောင့်ဆွဲယူလိုက်မှုကြောင့် ရင်ခွင်ကျယ်ကြီးတစ်ခုထဲ
ရုတ်တရက် ပစ်ဝင်သွားရသလို သူ့ Hoodie ခေါင်းစွပ်လည်း ချွတ်ချခံလိုက်ရလေ၏ ။

ဝန်ထမ်းတွေအကုန်လုံးသည်လည်း ထိုမြင်ကွင်းကြောင့် သိသိသာသာအာရုံစိုက်ပြီး ဝိုင်းကြည့်လာကြသလို Baekhyun သည်လည်း လန့်ဖြတ်က နောက်မှလူကို မော့ကာပြန်လှည့်ကြည့်လိုက်လေသည် ။

May Lily ( Completed )Where stories live. Discover now