- 20 -

2.7K 519 49
                                    

Unicode

• မင်းက ငါ့ဘဝထဲကို စဝင်လာချိန်မှာ သာမန်လူတွေထက်
ဘာက ထူးခြားစေခဲ့သလဲ ဆိုတာကတော့ အဲ့ဒီအသံချိုချိုလေးပဲ
ပြီးတော့  တကယ့်ကို တောက်ပလွန်းတဲ့ အပြုံးလေး ...
အဲ့ဒီ အရာလေး နှစ်ခုကို ငါ့နှလုံးသားထဲမှာ အမြဲသိမ်းဆည်းထား
ချင်တဲ့ စိတ်ကနေ ဒီခံစားချက်တွေ စတင်ခဲ့တာထင်တယ် ...
မင်းကို နောက်တစ်ခေါက်ပြန်တွေ့ချင်ခဲ့တယ် ...
မင်းကို ငါ့အနားမှာ ရှိစေချင်တယ် ...
မင်းကို ငါ့အပိုင်ဖြစ်စေချင်တယ် ...
ဒီလိုနဲ့ တဖြည်းဖြည်းများလာတဲ့ အတ္တတွေ က ...
မင်းကို ငါ့ဘဝထဲက မထွက်သွားနိုင်အောင် ဆွဲထားခိုင်းတယ်  ...
ငါ့ရဲ့ အနာဂတ်ကို မင်းရဲ့ မျက်ဝန်မှေးမှေးလေးတွေထဲမှာ
ပုံအပ်ပစ်ချင်တဲ့  အဓိက အကြောင်းပြချက်ကတော့
တကယ့်ကို ရိုးရိုးလေးပါပဲ ....

ကိုယ် မင်းကို ချစ်တယ် Baekhyunee    • 

Baekhyun သည် ရင်ဘတ်ထဲမှ တလှပ်လှပ် ခုန်လာခြင်းနှင့်
အတူ  အံ့သြခြင်း မယုံကြည်နိုင်ခြင်းများ စုပေါင်း၍
နားရွက်ဖျားတွေရဲရဲနီလာ၏ ......

ထိုအခိုက်  ဝုန်းဒိုင်းကျဲ၍ ပြေးဝင်ချလာသော ဥက္ကဌကြီးသည်
လည်း သူ့လက်ထဲမှ စာရွက်ကို မြင်ပြီး နောက်  မျက်လုံးတွေ
ပြူးလာသည် ......

ဥက္ကဌကြီးက  သူ့ကို ချစ်တယ်တဲ့ ......
အစ်မ ရှင်းဆယ် ကို မဟုတ်ပဲ သူ့ကိုတဲ့ ....
Oh My God !!! ဘာတွေ ဖြစ်ကုန်တာတုန်း  !!

Chanyeol သည် အလျင်အမြန်ပင် ထိုကောင်လေး လက်ထဲမှ
စာရွက်ကို ဆတ်ကနဲ လုယူလိုက်ပြီး .... အထစ်ထစ် အငေါ့ငေါ့ဖြင့်
စိတ်မထိန်းနိုင်စွာ  မေးပစ်လိုက်သည် .....

' မင်း ... ဖတ် .. ဖတ် ... ဖတ်ပြီးသွားပြီလား  အဆုံးထိ ....
အကုန်ကို သိ ... သိ သွားပြီလား ´

ဥက္ကဌကြီး  ဒီလောက်ထိ တုန်လှုပ်ပြီး  အမှားမှား အယွင်းယွင်းနှင့်
ရုပ်ပျက် ဆင်းပျက် ဖြစ်နေသည့် ပုံကို အရင်က မမြင်ဖူး၍ ထင်၏ ..
Baekhyun ကြောက်ကြောက်လန့်လန့် နှင့်ပင် ခေါင်းကို
တဆတ်ဆတ် ငြိမ့်ပြလိုက်သည် ......

' အားရှ် ....... တကယ်ပဲ  ´

Chanyeol သည် မျက်လုံးက  ကနာမငြိမ်ပဲ လူကလည်း
တုန်တုန်ယင်ယင်နှင့် ဘာဆက်လုပ်ရမှန်း မသိပဲ  နောက်ဆုံး
အခန်းထဲကသာ ခြေသုတ်တင်၍  အမြန်ဆုံး ပြေးထွက်ခဲ့တော့သည် ........

May Lily ( Completed )Where stories live. Discover now