-7-

3K 557 45
                                    

အချိန်က ည 7 နာရီလောက်ရိှနေပြီ .....

ဝါခင်းစစ်ဆေးမှုတွေက ညနေစောင်းကတည်းက ပြီးသွားတာ
မှန်ပေမယ့်လည်း ချန်းယောလ် တမင် မပြန်ပဲ ညအိပ်နေရန်
ဆုံးဖြတ်လိုက်၏ .....

ဒီလို ချစ်ရသူလေးနဲ့ အတူရိှနေရမယ့် အခွင့်အရေးကို
လက်လွှတ်ရအောင်သူက ငတုံးမှ မဟုတ်ပဲ  နော့ ....

ခုတော့ ညနေ ရေမိုးချိုး စားသောက်ပြီးချိန်တွင် သူရော
ဘတ်ဟျွန်းရော နှစ်ယောက်လုံး အိမ်ရှေ့တွင် ခြေတွဲလဲချကာ
စကားကောင်းနေကြသည် .....

နှစ်ယောက်လုံး ယောကျ်ားလေးတွေ အချင်းချင်းမို့ ဘာမှထူးပြီး
အနေခက်တာမျိုးလဲ မရိှပဲ  တစ်ယောက်အကြောင်းတစ်ယောက်
ပြောပြရင်း အချိန်ဖြုန်းနေမိသည် .....

အမှန်တကယ်က ချန်းယောလ် ကိုယ်တိုင်လည်း ဒီလို Relationship ပုံစံမျ်ုးကိုပဲ လိုချင်ခဲ့တာ ......

သူနဲ့ သူချစ်ရတဲ့သူကြားမှာ အနေခက်မှုဆိုတာမရိှပဲ
ဒီတိုင်းပွင့်ပွင့်လင်းလင်းနဲ့ အရိှကိုအရိှတိုင်း ဖွင့်ပြနိုင်ရင်
ကောင်းမှာပဲ ........

ဘတ်ဟျွန်းက သူ့အပေါ်မှာ ဝန်လေးနေတာမျိုး မရိှစေချင်ပါ ....

အလုပ် စဝင်ချင်းတုန်းကတောင် ဘတ်ဟျွန်းက သူ့ကိုဆို
နည်းနည်းရှိန်နေသေးခဲ့တဲ့ ဆက်ဆံရေးမျိုးဖြစ်ခဲ့သည် ....

ဒီခရီးစဥ်လေးအတောအတွင်းမှာပဲ ပိုပြီး ရင်းနှိးလာပြီးတော့
တစ်ယောက်နဲ့တစ်ယောက် သက်တောင့်သက်သာ ရိှသလိုခံစား
လာရတယ် .....

သူလိုချင်တဲ့ အချစ်က ဒီလိုမျိုးပါပဲ .....

' ငယ်ငယ်ကဆို အမေက ကျွန်တော့်ကို သခွားသီး စားစေချင်လို့
စားနိုင်ရင် ဝမ် ၅၀၀၀ ပေးမယ်ဆိုပြီးပြောခဲ့သေးတယ် ....

ကျွန်တော် ဝမ် ၅၀၀၀ ကိုတကယ်လိုချင်လို ကြိုးစားကြည့်ခဲ့ပေမယ့်
လုံးဝ မရခဲ့ဘူး ... အနံ့ကို ကိုမခံနိုင်တာ ..... ´

' အာ ... ဒါဆို ကိုယ်စားမယ့်အစားအသောက်ထဲ သခွားသီး
ပါလာတာမျိုးဆိုရင် .... ´

' မဟုတ်ဘူး ... အဲ့လိုမျိုးတောင်မဟုတ်ပဲ ... စားပွဲပေါ်ထက်မှာ
သခွားသီးဟင်းရိှနေရင်တောင် မစားနိုင်တော့ဘူး .. ဒီတိုင်း
ထမင်းကိုပါ မစားနိုင်တော့တာ ... အနံ့ကြောင့် ! ´

May Lily ( Completed )Where stories live. Discover now