- 15 -

2.6K 498 7
                                    

Unicode

ယနေ့သည် အပျော်ခရီး ဒုတိယနေ့ဖြစ်၍  ယနေ့ ညအိပ်ပြီးလျှင်
မနက်ဖြန် မနက်ပြန်ရန် စီစဥ်ထားသောကြောင့် Chanyeol ၏
နောက်ဆုံး အခွင့်အရေးရမည့်ရက် ဆိုလည်းမမှား ..

ခရီးကို အကြောင်းပြု၍ အမှတ်တရလေး တစ်ခုပဲဖြစ်ဖြစ် ရဖို့အရေး
ဒါမှမဟုတ်   ရင်းနှီးမှုလေး နည်းနည်း အဆင့်တိုးလာရေးအတွက်
အကွက်ချောင်းနေသော်လည်း ဒီနေ့က ကံမကောင်းသော နေ့ဟုပင်
သတ်မှတ်ရမည် ....

မနက်စာ စားတုန်းကလည်း ရှင်းဆယ် နဲ့အတူ ဗျူဟာ ဆွဲနေလို့
သူ့ကလေးကို မတွေ့ရ .....
သူ ပြန်လာတော့ ဟိုကလေးက သူ့ဌာနက အုပ်စုတွေနဲ့အတူ
တစ်ဖက် ကျွန်းသို့
အပျော်လှေလှော် ထွက်သွားကြသည်တဲ့ ...
သူ့မှာ  ရင်ထဲ ဟာတာတာ ဖြစ်နေတာကို ကြိတ်မှိတ်သည်းခံပြီး
ကမ်းခြေဘက်သို့ တမျှော်မျှော် နှင့် လိုက်သွားရကောင်းနိုးနိုး
မကောင်းနိုးနိုး နဲ့ ဝေခွဲမရ ဖြစ်ရင်းပင်  ညနေစောင်းသွားတော့သည်

ညနေစောင်းပြန်ရောက်တော့လည်း ဟိုကလေးက ရေကူးသည့် အုပ်စုထဲ ပါသွားပြီး သူ့ကို အရေးတောင် မလုပ် .....
အတူ ရေကူးဖို့ကို ဟိုနေ့ကလို မခေါ်တော့လည်း  သူက သွားမရော
ချင်ပြန်ဘူး ... ဒီနေရာမှာကျ သူဌေးက ဝန်ထမ်းအုပ်စုတွေကို ရိှန်ရတယ် .. . .

ဒီလိုနဲ့ ညဘက် စုပေါင်း Dinner ရောက်မှပဲ သူ့ အဖိုးတန်လေးကို
အေးအေးဆေးဆေး တွေ့ရတော့တယ် ...
နှမြောလိုက်တာ ... ခရီးအတူထွက်တယ် ဆိုတာက တကယ့်
ကြုံတောင် ကြုံခဲ ပဲကို ဒီနေ့ တစ်နေ့လုံးဟာ  ဘာမှ မဘာလိုက်ရပဲ
ပြီးဆုံးခါနီးပြီ .... 

ရက်ထပ်တိုးလိုက်ချင်ပေမယ့် အလုပ်ကို ပိတ်ရက် အများကြီးလုပ်
ဖို့ အဆင်မပြေတာနဲ့ ဘာနဲ့ ဆိုတော့ သူ့မှာ နှမြောတသ နဲ့ငိုင်နေရုံသာ
တတ်နိုင်ပါတော့သည် ....

' အွန်း .... ဒါလေး တကယ်ကောင်းတာပဲ ...
ဥက္ကဌကြီး  စားကြည့် ဒါကို ! ´

ပင်လယ်စာ ဖက်ထုတ်သေးသေးလေးကို တူလေး နဲ့ ညှပ်ရင်း ခွံ့ကျွေး
လာသူကြောင့် Chanyeol အတွေးတွေထဲမှာ နှစ်မြောနေရင်း ဆတ်ကနဲ အသိပြန်ဝင် သွားရ၏ .....

May Lily ( Completed )Where stories live. Discover now