-34-

3.5K 628 33
                                    

Unicode

တနလ်ာနေ့ ရုံးဖွင့်ရက် အစတွင် Baekhyun
ခါတိုင်းလို လန်းဆန်းပေါ့ပါးမနေနိုင်ပါ ။
မနေ့ညက ဥက္ကဌကြီးအိမ်မှာ အသားကင် စားရင်း
နည်းနည်း  ကစ်ခဲ့ကြတာမို့ ဒီနေ့မနက်တွင်
အရက်နာကျလျှက် မနည်း အိပ်ယာမှ ထယူရသည် ။

မနေ့ညက သားအဖ ဟုပြောခံလိုက်ရခြင်းအပေါ်
စိတ်ကောက်၍ မှုန်ကုပ်ကုပ်ဖြစ်နေသော ဥက္ကဌကြီးကို
သူ့မှာ အသေအလဲချော့ရင်း ည 10 နာရီကျော်မှ
အိမ်ပြန်ရောက်၏ ။ ထို့ကြောင့် အားလုံးစုပေါင်းလိုက်သောအခါ
အိပ်ယာထနောက်ကျလျှက်  အလုပ်သို့သွားရန်
ဝရုန်းသုန်းကား ပြင်ဆင်ရသော အခြေအနေသို့သာရောက်သွားသည် ။

အားလုံးပြင်ဆင်ပြီးသော အနေအထားတွင်
Shirt အဖြူလေးကို လက်ခေါက်တင်ထားလျှက်
ခါးစများကို ဘောင်းဘီထဲမြှုပ်၍ ဝန်ထမ်းကတ်ကို
လည်ပင်းမှာအမြဲဆွဲရင်း  Bus မှီအောင် ပြေးခဲ့ရလေ၏ ။

___
___

' အော် ... Baekhyun ရောက်လာပြီလား ´

' ဟုတ်ကဲ့ .. အိပ်ယာထနည်းနည်း နောက်ကျသွားလို့ ´

သူရုံးခန်းထဲရောက်လာတော့  အစ်မ လီယောင်းတို့နှင့်
ဋ္ဌာနမှူးတို့ရော အားလုံးစုံစုံလင်လင်ရောက်ရိှနေပြီ
ဖြစ်သည် ။ ခပ်သွက်သွက် လျှောက်လာရသဖြင့်
အနည်းငယ် ချွေးစို့ချင်နေသော ခန္ဓာကိုယ်ကို
ထိုင်ခုံပေါ်ခြေပစ်လက်ပြစ် ထိုင်ချပြီး အမောအရင်ဖြေရ၏ ။
ပြီးမှ  သတိရမိသော တစ်စုံတစ်ယောက်ကို ထုတ်၍
မေးရသည် ။

' ဥက္ကဌကြီးရောဟင် ?
ရောက်ပြီလား ´

ဋ္ဌာနမှူးက နှာခေါင်းကို အသာရှုံ့ပြရင်း ခေါင်းခါပြ၏ ။
ဋ္ဌာနကလူတွေရော ၊ အစ်မရှင်းဆယ်လွဲ၍ အားလုံး
သူနှင့် ဥက္ကဋ္ဌကြီး၏ ဆက်ဆံရေးကို မသိကြသေးပေ ။
သိသွား၍ အနေရအထိုင်ရ ခက်မည်နှင့်စာလျှင် ဤသည်က
ပိုသင့်တော်တာမို့ Baekhyun လည်း ဥက္ကဌကြီးက်ိုပါ
လျှို့ဝှက်ပေးထားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည် ။

' အား .. ဇက်တွေ ကိုက်ခဲနေတာ သေမလိုပဲ ´

ဘာမှ လုပ်စရာအထွေအထူးမရိှတာမို့
Baekhyun ထိုင်ခုံပေါ် လျော့ရဲရဲ ထိုင်နေရင်း
လည်ပင်းကို လက်နှင့်ဖိ၍ ညည်းညူမိတော့
အစ်မ လီယောင်းက ပြုံးစိစိ မျက်နှာပေးနှင့် 
Baekkyun ကိုမျက်နှာရှေ့တိုးပြီး ကြည့်လာ၏ ။

May Lily ( Completed )Where stories live. Discover now