- 40 - ( Final )

5K 614 121
                                    

Unicode

' မဟုတ်ဘူး အဆင်ပြေပါ့မလား ?
တအားကြီးဝန်လေးနေသလို ဖြစ်နေမလားမသိဘူး '

ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ရင်း ဝတ်စုံတွေ တစ်ခုပြီးတစ်ခုလဲလိုက် အဆင်မပြေဘူးဆိုပြီး ညည်းညူလိုက် လုပ်နေသော ဥက္ကဋ္ဌကြီးကြောင့် Baekhyun ကုတင်ပေါ်မှာ ခြေကားယားလက်ကားယား ပက်လက်လှန်နေရင်း စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည် ။

' အဆင်ပြေပါတယ်ဆိုမှ '

သို့သော် ဥက္ကဋ္ဌကြီးကမူ ခေါင်းကိုတစ်ခါခါရမ်းကာ အလိုမကျဟန်မျိုး လုပ်ယူနေပြန်၏ ။

' ဟင့်အင်း ဟင့်အင်း
Suit နဲ့ဆ်ို တအားရင့်နေမယ်ထင်တယ်
နဂိုကတည်းက အသက်ကကြီးနေပါတယ်ဆိုမှ
ယောက္ခဆီက မောင်လေးအခေါ်ခံရမယ့် အပြင်အဆင်မျိုးနဲ့ဆိုမဖြစ်ဘူး
ဒီထက် ပိုနုတာရွေးရမယ် လူငယ်ဆန်တာမျိုးလေး '

Baekhyun ကမူ ဟွန့်ခနဲ တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး မကြားတကြားအသံတိုးတ်ိုးဖြင့် ပွစိပွစိ ရေရွတ်ပစ်လိုက်ပါသည် ။

' လူငယ်မှမဟုတ်တော့တာ
ဘယ်လိုပြင်ပြင် လူငယ်ဆန်လာမလား '

' ဟမ် ? ဘာပြောလိုက်တာလဲ '

Chanyeol က Nacktie ကို ပြန်ဆွဲဖြုတ်ကာဖြည်နေရင်း လှည့်မကြည့်ပဲ မေးလာတော့ Baekhyun စိတ်မရှည်စွာ လှဲနေရာမှ ဆောင့်ဆောင့်အောင့်အောင့် ထထိုင်လာလေ၏ ။

' တော်ပါတော့ဗျာ ...
ဘယ့်နှယ် Fashion show သွားမှာလည်း မဟုတ်ဘူး
ကျွန်တော့်အမေကို သွားနှုတ်ဆက်ရုံလေးပဲကို '

' မင်းအမေကို သွားနှုတ်ဆက်ရမှာမို့ ဒီလောက်ပြင်ဆင်နေတာပေါ့ကောင်လေးရဲ့
Fashion show ဆိုရင်တောင်
ဒီလောက် အချိန်ကုန်ခံမနေဘူး သိဘို့ !! '

Baekhyun သည် စိတ်ပေါက်ပေါက်နှင့် ဘေးမှခေါင်းအုံးကိုဆွဲကာ ရှိုးထုတ်၍ မပြီးနိုင်သူ၏ကျောပြင်တည့်တည့်ကို ပစ်ပေါက်လိုက်သော်လည်း မထိလိုက်သည့်အတွက် အပစ်ခံရသူက လေလေးတချွန်ချွန်နှင့် အဝတ်နောက်တစ်ထည် ထပ်ရွေးရန် အခန်းထဲဝင်သွားလေတော့သည် ။

နောက်ဆုံး မိုးပြာနုရောင် Shirt လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်၍ ဘောင်းဘီရှည်အနက်အတွဲအဖက်နှင့်မှ စိတ်တိုင်းကျကာ Seoul မှ ထွက်လာခဲ့နိုင်တော့၏ ။

May Lily ( Completed )Where stories live. Discover now