- 33 -

3.2K 591 54
                                    

Unicode

မှန်များဖြင့်ကာရံထားသည့် Cafe ဆိုင်တစ်ခု၏
အစွန်းဘက်ထောင့်ကျကျဝိုင်းတွင် မျက်နှာချင်းဆိုင်
ထိုင်နေကြသော ကောင်လေး 1 ယောက်နှင့်ကောင်မလေး 1ယောက်
ရိှနေလေသည် ။

၄င်းတို့၏ ရုပ်ရည်များသည် တစ်ယောက်နှင့်တစ်ယောက်
Copy ပွားထားသကဲ့သို့ ချွတ်စွပ်နီးပါးတူညီနေသော်လည်း
အကြည့်များကမူ တစ်ယောက်နှင့် တစ်ယောက်နှင့်
ရန်စောင်နေသည်မှာ သေချာ​ေပါက်ပင်ဖြစ်၏ ။

Baekhyun သည် လက်နှစ်ဖက်ကိုပိုက်ကာ ခုံတွင်မှီထိုင်နေရင်းက
ရှေ့စားပွဲပေါ်ရိှ ကော်ဖီအေးဘူးကိုယူသောက်၍
အသံမြည်အောင် ပြန်ချပစ်လိုက်သည် ။

' ဘာလို့ အဲ့လိုဝင်ရှုပ်တာလဲ ပြော ? ´

' ဟဲ့ .. ဒါဝင်ရှုပ်တယ်လို့ခေါ်သလား
နင်သေချာပြန်စဥ်းစားကြည့်ဦး နင့်ကို နင့်သူဌေးက
လိုက်ကြိုက်ပြီး အနှောင့်အယှက်ပေးနေတာလေ !
ငါက အဲ့ဒါကြီး ကိုသိသိရက်နဲ့ဝင်မတားပဲ
မျက်နှာလွှဲထားရမှာလား   ငါကနင့်အစ်မလေ ´

ဆောလ်ဟျွန်း၏ မျက်နှာက တကယ့်ကို Serious
ဖြစ်နေဟန်နှင့် အသည်းအသန် ငြင်းခုံနေပါသော်လည်း
ဘတ်ဟျွန်း ကမူ ဘာမှ အလေးမထားသလို
မျက်နှာကြောသေသေဖြင့်သာ ကော်ဖီအေးဘူးပိုက်ကို
ကိုက်ထားရင်း စိုက်ကြည့်နေခဲ့သည် ။

' ဘယ်သူက ဘယ်သူ့ကို အနှောင့်အယှက်ပေးနေလို့လဲ ´

' နင့် သူဌေးက နင့်ကို ....... ခဏ ! ´

ဗြောင်ဆောလ်ဟျွန်းသည် အသည်းအသန် ခြေဟန်လက်ဟန်နှင့်
ရှင်းပြနေမိရင်း သတိဝင်တော့မှ သူမ မတွေးထားမိခဲ့သော တစ်စုံတစ်ခုကို သိရသွားဟန်နှင့်
မျက်လုံးများ ပြူးကျယ်လာလေ၏ ။

' ဗြောင်ဘတ်ဟျွန်း  နင်မဟုတ်မှလွဲရော ?? ´

' အေးဟုတ်တယ် ! ငါလည်း ဥက္ကဌကြီးကို
ကြိုက်တယ် ´

ဗြောင်ဆောလ်ဟျွန်း၏ မျက်လုံးများသည် ခုနကထက်ပင်
သုံးဆ လေးဆ ပိုပြူးလာလျှက် ဘာစကားတစ်ခွန်းမှ
မဆိုနိုင်ပဲ အတော်အကြာကြီးပင် ကြက်သေသေသွား၏ ။
ထို့နောက်မှ ရှေ့က ရေခွက်ကြီးကို ဆွဲ၍ တကျိုက်ကျိုက်
မော့သောက်ပစ်လိုက်သည် ။

May Lily ( Completed )Where stories live. Discover now