-8-

2.7K 549 23
                                    

ဒီနေ့က ဘတ်ဟျွန်းကံမကောင်းသောနေ့ဖြစ်သည် .....

အလုပ်အချိန်မှီ ပြင်ဆင်ပြီး ကျော့ကျော့မော့မော့ ထွက်လာခါမှ
ကားရေဆေးနေသော ဦးလေးကြီး၏ မကြည့်မရှုယမ်းသမ်း မှု
ကြောင့် သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုကုန်၏ ....

အချိန်က ကွက်တိ ထွက်လာသောကြောင့် ခုနေ အိမ်ပြန်ပြီး
အဝတ်အစားလဲရင် ရုံးချိန်နောက်ကျမှာကို သိသော်လည်း
မတတ်နိုင် .. အိမ်တစ်ခေါက်ပြန်ပြေးပြီး အဝတ်လဲရသည် ....

ကမန်းကတန်း တစ်ခေါက်ပြန်ပြေးထွက်လာတော့ ရုံးချိန်က
နာရီဝက်နီးပါး နောက်ကျနေပြီ .....

နာရီတစ်ကြည့်ကြည့်နှင့် အမျောသောပါး ပြေးလာသော
ဘတ်ဟျွန်းသည် တစ်ကိုယ်လုံး ဖိုးရို့ဖားယားနှင့် ဓာတ်လှေကားထဲ
အမြန်ပြေးဝင်ကာ 12 ထပ်ကို နှိပ်ချလိုက်ပါတော့သည်

ဓာတ်လှေကား တံခါးစေ့သွားပြီး မကြာမီပင်လျှင် ဦးလေးကြီး
တစ်ဦးရောက်လာကာ ဆိုင်းပုတ် တစ်ခုကို ဓာတ်လှေကားရှေ့
ချထားလိုက်၏ .....

ဆိုင်းပုတ်တွင် ရေထားသော စာသားကား ...
' ဓာတ်လှေကား ပျက်နေသဖြင့် ယာယီ ပိတ်ထားပါသည် '

................

Baekhyun ဓာတ်လှေကားထဲ ဝင်ဝင်ချင်း ဥက္ကဌကြီးဆီမှ
phone call က ဝင်လာ၏ ....

သူခုချိန်ထိ အလုပ်နောက်ကျနေတာသိရင် အပြစ်များပေးခံရမလား
ဒါမှမဟုတ် လစာပဲ ဖြတ်ခံရမလားမသိ တွေးရင်း ခေါင်းကျိန်းမိ
သည် ......

' ဟဲလို .... ဥက္ကဌကြီး ....'

' ကျွန်တော် ဒီနေ့ နည်းနည်းနောက်ကျသွားလို့ အခုလာနေ
ဒုန်း ........အ '

ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ဓာတ်လှေကားက
ရမ်းခါသွားသဖြင့် သတိလက်လွတ် ရိှနေသော ဘတ်ဟျွန်းအား
နံရံနှင့် အရှိန်ပြင်းစွာ ဝင်ဆောင့်စေ သကဲ့သို့ ဖြစ်သွားလေ၏ .....

ခေါင်းနှင့်နံရံက ပြင်းစွာ ရိုက်ခတ်မိပြီး ဘတ်ဟျွန်း တစ်ခါတည်း
လဲကျသွားရသည်

မလှမ်းမကမ်းတွင် ဝင်နေဆဲဖြစ်သော အဝင် call တစ်ခုက
အသံကို မပီမသ ဝိုးတဝါးကြားနေရဆဲပင်

May Lily ( Completed )Where stories live. Discover now