- 29 -

2.6K 503 34
                                    

Unicode

ရှင်းဆယ်သည် မျက်နှာချင်းဆိုင်နေရာတွင်
ရှိနေသော သူငယ်ချင်း ဖြစ်သူ၏
ဟန်အမူအယာအား ကြည့်ပြီး သက်ပြင်းသာ
ချလိုက်မိသည်  ။
Pasta ပန်းကန်ထဲရှိခေါက်ဆွဲမျှင်များကို
စိတ်မပါလက်မပါ ခက်ရင်းနှင့် ဖြည်းဖြည်းချင်း
ထိုးလိမ်နေပြီး  အာရုံကမူ တစ်နေရာရောက်နေဟန်
ရှိသော  ချန်းယောလ်ကိုကြည့်ရင်း သူကိုယ်တိုင်ပင်
မောလာရ၏ ။

'​ဟဲ့ .. သတိလေးဘာလေးနည်းနည်းကပ်ပါဉီး
ဘယ်လိုဖြစ်ပြီး ကိုယ့်စိတ်ကို ဒီလောက်ဒုက္ခပေးနေရတာလဲ ´

ရှင်းဆယ်က အသံခပ်တိမ်တိမ်နဲ့
အားမလိုအားမရဖြစ်ဟန်ပြောတော့
ချန်းယောလ်သည် ငေးငိုင်နေရာမှ
ပြန်လည်  သတိဝင်လာကာ Pasta ကို
အသေအချာ စားနေပြန်သည် ။

မနက်ကတည်း  ' ငါလက်လျှော့လိုက်တော့မယ် ´
ဆိုတဲ့ စကားကလွဲပြီး  ဘာမှမေးလို့မရ
​ဖျောင်းဖျလို့ မရသော ချန်းယောလ်သည်
တစ်နေ့လုံး  ခပ်ငိုင်ငိုင်ပုံနှင့် ဟိုကောင်ကလေးကိုလည်း
သိသိသာသာကို ရှောင်နေ၏ ။
ရန်တွေ ဘာတွေများဖြစ်သလားလို့
ရှင်းဆယ် စဉ်းစားမိတော့လည်း
ဟိုကောင်လေးဘက်ကတော့ ဘာမှထွေထွေထူးထူး
ရှိဟန်မတူပါ ။
ချန်းယောလ်တစ်ယောက်တည်းသာ
ရုတ်တရက်ကြီး ဤကဲ့သို့ ပြောင်းလဲသွားတာ
ဖြစ်၏ ။

သူ့ဘက်က ရင်ဖွင့်ချင်စိတ်မရှိမှတော့
ရှင်းဆယ်လည်း မရမက လိုက်မေးနေဖို့ အတွေးမရှိတော့ပေ ။
ကိုယ့်ဟာကိုယ်တောင် ရည်းစားမရတတ်သေးတဲ့
အခြေအနေမှာ သူများအပူ လိုက်ပြီးခံစားမပေးနိုင် ။
ထို့ကြောင့် ကိုယ့်ဟာကိုယ် Pasta ပဲ စိတ်လိုလက်ရ
စားနေလိုက်တော့သည် ။

_
_
_

ရုံဆင်းလာပြီး ရေချိုး ညစာစားပြီးသည်အထိ
Baekhyun phone ကို တကြည့်ကြည့်လုပ်နေမိသည် ။
ဝင်မကြည့်တော့ဘူးဟု စိတ်ဆုံးဖြတ်ထားသော်လည်း
မသိစိတ်ကကို  Message Box ကို
သွားသွားထောက်မိနေသည်က ခက်၏ ။

' တကယ် ဘာဖြစ်သွားတာလဲ
ငါလည်း ဘာမှ စိတ်ဆ်ိုးစရာမလုပ်မိပါဘူး ´

Baekhyun သည် အိပ်ရာထက်တွင်
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့်
လူးလိမ့်နေရင်းမှပင် ပြောဖူးခဲ့သော
Conversation များကို အကြိမ်ကြိမ်အခါခါ
စစ်မိနေသည် ။
ဥက္ကဌကြီးက သူ့ကို စနောက်ပြောဆိုထားသည်က
များသော်လည်း သူ့ဘက်ကတော့ အများကြီး
ပြန်မပြောထား ။

May Lily ( Completed )Where stories live. Discover now