- 12 -

2.7K 531 31
                                    

Unicode

လေးလံနေသော မျက်ခွံတွေကို ချန်းယောလ် အားယူကာ အတင်း
ဖွင့်ရင်း  ပတ်ဝန်းကျင်ကို စူးစမ်းမိတော့ ကုတင်ထက်မှာ သူတစ်ယောက် တည်းပင် ......

မျက်လုံးတွေကို ပွတ်ရင်း  ဘေးမှ Phone ကိုကောက်ယူ၍ နာရီကို
ကြည့်လိုက်တော့ ညနေ ၃ နာရီရိှနေပြီ ....

နေပါဦး .... ဟို ပ်ိစိလေးက ရော ?

ခေါင်းကို ဟိုဒီလှည့်၍ စူးစမ်းကြည့်မိတော့ ထိုကောင်လေး မရိှတာ
သေချာသွားပြီ ... အဲ့တော့ ... အခု ကမ်းခြေကို ဆင်းသွားပြီပေါ့

လူကိုတောင်  နည်းနည်းပါးပါးနှိုးမသွားဘူး ....

ပျင်းရိလေးလံနေသော အခြေအနေကို အနည်းငယ် တွန်းလှန်နိုင်ရန်
ခေါင်းကို ဘယ်ညာယမ်းခါပစ်၍ ပါးနှစ်ဖက်ကိုပါ ခပ်ဆတ်ဆတ်
ရိုက်ပစ်လိုက်ရသေးသည် .....

ခေါင်းစုတ်ဖွားနှင့်  ငိုက်မြည်းနေသော သူ့ပုံစံသည် ခါတိုင်းနှင့်ကွဲထွက် လျှက် အနည်းငယ် ငယ်ရွယ်သည့် ပုံကို
ဆောင်နေ၏ .....

ကုတင်ပေါ်မှ မထသေးပဲ မှိန်းကာ ငိုက်မြည်းနေခိုက်
ရုတ်တရက် ဖြတ်ကနဲ အတွေးထဲ ဝင်လာသည်က ဝန်ထမ်းကောင်မလေး တွေနှင့် အတူ စကားပြောရင်း ပြုံးရယ်
နေသော ကောင်လေး၏ ပုံရိပ်ပင် ....

တစ်ကိုယ်လုံး ဆတ်ကနဲ ဖြစ်သွားလျှက် ငိုက်မြည်းနေသော မျက်လုံး
များက ချက်ချင်းဆို သလို ပြူးကျယ်သွားရသည် ...

မဖြစ်ဘူး ... မဖြစ်ဘူး ....
ဟိုဟာမလေးတွေက ကမ်းခြေဆို ရေကူးဝတ်စုံတွေ အတိုတွေ အပြတ်တွေနဲ့ နေမှာ ....
ဟိုကောင်ကလေးကလည်း  ခပ်ဆော့ဆော့ရယ်နဲ့ တော်ကြာ
ပါသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ် ...... 

ချန်းယောလ် သည် ကုတင်ပေါ်မှ ကမန်းကတန်း ပြေးဆင်းရင်း
Luggage ကို ပြေးမွှေ၍  အိမ်ကပင် ကြိုတင် plan ချ ယူလာ
ခဲ့သည့်   Tee shirt အဖြူရယ်   အဖြူအပြာကျား Shirt
လေးရယ်  ချည်ဂျင်းသား ဘောင်းဘီတို မီးခိုးရောင်လေးရယ်ကို
ထုတ်ယူကာ လဲ ဝတ်လိုက်သည်  ......

Tee ကိုအောက်မှခံ၍ အပေါ်က shirt ကိုထပ်ဝတ်ကာ ကြယ်သီး
တွေကို မတပ်ပဲ ဟ ထားလျှက်  ဘောင်းဘီတိုလေးနှင့် သူ့ပုံက
မှန်ထဲမှာတော့  ပို နုနေဟန် ပေါ်နေသည် ....

May Lily ( Completed )Where stories live. Discover now