- 11 -

2.6K 534 8
                                    

Unicode

အတော်ပင် မြင့်မားသော Shopping Mall ကြီး၏ ရှေ့တွင်
ကားဖြူလေးတစ်စီးက ထိုးရပ်လာလေသည် ....

ကားကို တစ်ယောက်တည်း ကိုယ်တိုင်မောင်းလာသူက မိန်းကလေး
တစ်ဦးပင် ....
ကားတံခါးကို တိုးဖွင့်ပြီးနောက် Pencil heel တစ်ဖက်က
ကားထဲမှ ထွက်လာသည် ....

ထိုမိန်းကလေး  လူတစ်ကိုယ်လုံး ကားထဲက ထွက်လာသော
အချိန်တွင်ကား  အနက်ရောင်စကပ်တိုအကျပ် လေးနှင့်
အပေါ်ပိုင်းတွင် အလွန်တရာ ပွထနေသော သိုးမွေး ကုတ်နှင့်
Sunglasses ကိုလည်း အထာကျကျ ထပ်ထားသေးသည် ...

နီရဲနေသော နှုတ်ခမ်းနီအား ညီသွားစေရန် နှုတ်ခမ်းနှစ်လွှာကို
တစ်ချက် ဖိကပ်ပြီးမှ Mall ထဲသို့ ကြွကြွရွရွ လျှောက်ဝင်လာခဲ့
လေသည် ......

ဒီနေ့က ဟန်ရှင်းဆယ် ရဲ့ Shopping Day ပါပဲ ...

ခါတိုင်း လကုန်ရင် ဝန်ထမ်းတွေကို ဝမ် ၁ သောင်းပင် Bonus
ပေးဖို့ တွန့်တိုတတ်သော သူမ၏ သူဌေးတစ်ဖြစ်လဲ အကောင်းစား
သူငယ်ချင်းလေး ပတ်ခ်ချန်းယောလ်သည် အချစ်စိတ်မွှန်၍
ကမ်းခြေသို့ စားရိတ်ကင်းလွှတ်ခွင့်နှင့်ပင် လိုက်ပို့ပေးရန် ပြင်နေ၏
.......

ပတ်ခ်ချန်းယောလ် နေစားရိတ် စားစရိတ် အားလုံး အကုန်ခံကာ ဝန်ထမ်းတွေကို ကမ်းခြေ ပို့ပေးသည်က ရွှေထက် ရှားပါးသည့်
အခွင့်အရေး ဖြစ်တာမို့ ကမ်းခြေတွင် လန်းနိုင်ရန် အဝတ်အစား
နည်းနည်းလာဝယ်ခြင်းပင် .......

မတော်တဆ  ကမ်းခြေမှာ ဖူးစာဆုံပြီး  ရည်းစားချောချောလေး
တစ်ယောက်လောက် ရမသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ...

....................................

' လူတွေ အကုန်သူစုံပြီလား  ´

' Baekhyun မရောက်သေးဘူး ဌာနမှူး ..
ကျွန်တော် ခုနက phone ဆက်တော့ လာနေပြီလ်ို့ပြောတယ် ´

Bus ၃ စီးလုံးတွင် ခရီးဆောင် အိတ်တွေ အတင်အချပြုကာ
နေရာစီစဥ် အားလုံး  အုတ်အုတ်ကျက်ကျက် နှင့်ဖြစ်နေကြသည်

မိန်းကလေးတွေကလည်း ဘောင်းဘီတိုလေးတွေ ကိုယ်စီနှင့်
သူအပြိုင် ကိုယ်အပြိုင် ယောကျ်ားလေးတွေရဲ့ စိတ်ဝင်စားမှုကို
ယူကြရန် အလှဆုံး ပြင်ဆင်ထားကြသည် ....

May Lily ( Completed )Where stories live. Discover now