ဘတ်ဟျွန်း သူ့မျက်လုံးတွေကိုပွတ်သပ်လိုက်မိသည်
တကယ် သူ့အမြင်မှားနေတာလားလို့စားပွဲခုံပေါ်က laptop ကို ကုန်းရုန်းကြည့်ရင်း သူ့ကိုယ်တစ်ခုလုံး
လည်းကွတတ ဖြစ်နေပြီ' အလုပ်ရ .. ရပြီ ?
ငါက ? 'ခဏလေး အင်တာဗျူးခေါ်ဖို့စာလည်း မဟုတ်ပဲ
အလုပ်က ရပြီ ?သူကြောင်တောင်တောင်ဖြစ်နေပြီး ခဏကြာမှ ပျော်ဖို့သတိရတော့
၏ .....တစ်ခါတည်း အလုပ်တန်းရသွားလို့ အံ့သြမိပေမယ့်
ဘာအရေးလဲ
သူ့ဟာသူ တန်းပဲ ခန့်ခန့် ကွေ့ကောက်ပြီးပဲ ခန့်ခန့်
အရေးကြီးတာက အလုပ်ရဖို့ပဲ .....' အိုး ဟိုး .... ဗြောင်ဘတ်ဟျွန်းတို့တော့ ဘူချွန်းက အဒေါ်ကြီး
ဆီမှာ နားညည်းသက်သာတော့မယ် 'ချက်ချင်းပင် လက်က ဖုန်းကိုကေ်ကိုင်လိုက်တော့သည်
' ဟယ်လို ... မစ္စဗြောင် လားမသိဘူး ....'
' အမေ့သား အလုပ်ရပြီသိလား ... '
ဘတ်ဟျွန်းကတော့ အလုပ်မဆင်းခင်ကတည်းက မြောက်ကြွ
မြောက်ကြွဖြစ်နေခဲ့ပြီ...............................
ချန်းယောလ် Company သို့ဝင်လာတဲ့ လမ်းတစ်လျှောက်
တွေ့သမျှဝန်ထမ်းအားလုံးက တရိုတသေခါးကိုင်းနှုတ်ဆက်သမျှကို
ခေါင်းတစ်ချက်စီ အသိအမှတ်ပြုညိတ်ပြရင်း ခပ်သွက်သွက်လျှောက် လာခဲ့သည် .....သူ့ ခန္ဓာကိုယ်က သာမန် ဆင်ယင်နေကျအတိုင်း Suit အပြည့်နဲ့
ဆိုပေမယ့်လည်း ဝတ်စုံရွေးဖို့အတွက် သူဒီနေ့ အချိန် 1 နာရီလောက်
ယူခဲ့ရတာ သူသာသိသည် .....ခပ်တည်တည်တင်းတင်း မျက်နှာသည် သူ့ပုံသေလို ဖြစ်၍
စည်းကမ်းကြီးသည့်အတွက်ကြောင့်လည်း ဝန်ထမ်းတွေ
အားလုံး လိုလို သူ့ကို ရိှန်ကြ၏ .. သို့သော်လည်း နောက်ကွယ်တွင်တော့
နာမည်ပြောင်များစွာ ရရိှထားသည့်သူပင် ....ဇီဇာကြောင်တဲ့ လူပျိုကြီး တို့ ...ဘာတို့ ညာတို့ပေါ့
ဒါပေမယ့် သူ့ရှေ့ဆိုရင်တော့ အားလုံးက ရိုရိုကျိုးကျ်ုးနဲ့
တလေးတစား ဆက်ဆံကြသည်ပင်သာဖြစ်သည် .....