- 37 -

3.2K 570 114
                                    

Unicode

မနက်နိုးနိုးချင်းပင် ရှင်းလင်းနေသော နေရောင်ခြည်နှင့်အတူ
မြင်တွေ့လိုက်ရတာက ဥက္ကဌကြီးရဲ့ မျက်နှာချောချောမို့ Baekhyun အလိုလိုကို ပြုံးမိလျှက်သားဖြစ်၍ ရင်ခွင်ထဲပိုတိုးကာ ဝင်လိုက်သည် ။
ညက သူရော ဥက္ကဌကြီးရော အီစီကလီစကားများပြောလိုက်
တစ်ယောက်ကိုတစ်ယောက် တွန်းထိုးကျီစယ်လိုက် ဖက်လိုက်နမ်းလိုက်လုပ်နေကြသဖြင့် တော်ရုံမအိပ်နိုင်ခဲ့ကြချေ ။
ထို့ကြောင့် ခုမနက်ထ 7 နာရီခန့်ဟုထင်မှတ်ရသော အချိန်လောက်မှသာ နိုးလာကြ၏ ။

မျက်စိမဖွင့်သေးသော်လည်း ဥက္ကဌကြီးက နိုးနေသည့်ဟန်ပေါ်သည် ။ Baekhyun ရင်ခွင်ထဲတိုးဝင်တော့ သူကပါ အလိုက်သင့်ပိုတိုးလို့ တစ်ကိုယ်လုံးကိုဆွဲဖက်ကာ ရင်ခွင်ထဲနစ်နေအောင် လုပ်ယူ၏ ။
ထိုအခါ Baekhyun ၏ ရယ်သံတိုးဖွဖွလေးက အသဲယားဖွယ်ကောင်းစွာ ထွက်ပေါ်လာသည့်အတွက်  မျက်လုံးတွေမပွင့်သေးသည့် Chanyeol ၏ နှုတ်ခမ်းတွေကပါ အသာကွေးညွှတ်တက်သွားလေသည် ။

အမှန်တကယ် ချစ်ခင်ရသူနှင့် အတူရှိရသော ခံစားချက်က ထူးဆန်းလှသည် ။ အမှန်တကယ်ကိုယ်တိုင် ကြုံဖူးသည် မဟုတ်လျှင် လက်ခံနိုင်စရာသိပ်မရှိလှပါပေ ။
ခါတိုင်း ညများတွင် Baekhyun ဂိမ်းကို ည 10 နာရီ 11 နာရီလောက်အထိကို မရပ်တမ်းဆော့၏ ။ အကြောင်းအမျိုးမျိုးကြောင့် ဂိမ်းမဆော့ရလျှင် သို့မဟုတ် ဖုန်းကိုင်မနေရလျှင် လုပ်စရာ ရေရေရာရာ ဟုမရှိပဲ
ဟိုဟာကောက်ကိုင်လိုက် ဒီဟာကောက်ကိုင်လိုက်ဖြင့် နေ၍ထိုင်၍မရဖြစ်နေတတ်သည် ။

ဥက္ကဌကြီးနှင့် မတွေ့ခင်အချိန်က  ရည်းစားအနားမှာရှိလျှင်ဂိမ်းမဆော့ပဲနေနိုင်သည် ဟု
သူငယ်ချင်းများပြောလာတိုင်း သူလှောင်ရယ် ရယ်ခဲ့တာချည်းပင် ။
စိတ်ထဲတွင်လည်း အမှန်တကယ်ကို အာပလာများဟု မှတ်ယူထားပါ၏ ။  မဖြစ်နိုင် .. လူတစ်ယောက်ကို တစ်ယောက် ဒီလောက်မချစ်နိုင်ဟုပင် စိတ်ထဲအခါခါမှတ်ယူလျှက် အချစ်ကို အထင်သေးထားခဲ့သည် ။

သို့သော် ယခုကိုယ်တိုင်ကြုံလာရသောအချိန်တွင်ကား ဒီလူအနားမှာရှိနေလျှင် အခြားဘာမှမလိုဟုပင် သတ်မှတ်လိုက်ချင်၏ ။ တစ်ညလုံး စကားတွေ မနားတမ်း အတူပြောနေခဲ့ကြသော်လည်း ပျင်းရိဖို့မပြောနှင့် အချိန်ကုန်မြန်သည်ဟုပင် ထင်မှတ်မိသည် ။

May Lily ( Completed )Where stories live. Discover now