အပိုင်း ( ၁၈ )

4.8K 567 66
                                    


မြတ်နိုးမှုလေးကို ရင်ခွင်ထဲထုတ်ပိုးထားရင်း နိုးထလာရသည့် ဒီဆောင်းမနက်ခင်းဟာ Jisoo အတွက် လွန်စွာမှအဖိုးတန်လှသည်။ မနက်အိပ်ယာကနိုးရင် ကလေးငယ်နဲ့ တစ်နေ့တာကိုဖြတ်သန်းရမှာဆိုတဲ့အတွေးကြောင့် အိမ်မက်တွေကအစ လှပနေခဲ့တာ။

ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်စက်နေတာ ငါ့ရဲ့ မြတ်နိုးရာလေးပါလားလို့ တွေးကြည့်မိပြန်တော့ ဒီကလေးငယ်ရဲ့နဖူးထက်မှာ အနမ်းတစ်ပွင့်ဟာ ခပ်ဖြေးဖြေးလေးနဲ့ တယုတယ ကြွေကျရသည်။

အပြင်ဘက်က ရာသီဥတုအခြေအနေကို အကဲခက်ရန် ပြတင်းပေါက်ရှိရာဆီ လှမ်းကြည့်လိုက်တော့ နှင်းတွေကအရမ်းကိုကျနေတာ။ ကလေးငယ်ရဲ့အပြုံးတွေလောက် မလှပပင်မယ့်လဲ ထိုအေးချမ်းမှုကို သဘောကျစွာနဲ့ Jisoo ပြုံးလိုက်မိပါတယ်။

" နိုးနေတာလား "

အစ်တစ်တစ် အသံလှိုင်းလေးတစ်ခုနဲ့အတူ နွေးတေးတေး လေငွေ့တွေဟာ လည်ပင်းနား ရိုက်ခတ်လို့လာခဲ့တယ်။

လည်ပင်းနဲ့ပုခုံးကြားကို မျက်နှာအပ်လို့ တိုးဝှေ့ပြီးအိပ်စက်နေတဲ့ ကလေးငယ်ဟာ သူ့ နှာခေါင်းလုံးလုံးနဲ့ jisoo ကို ကျီစယ်နေပြန်ပါတယ်။

"အင်း အိပ်ရေးဝရဲ့လား"

"အမျိုးသမီးက လှလိုက်တာ"

ရင်ခွင်ထဲနစ်မြုပ်နေတဲ့ Jane ဟာ ခေါင်းမော့ကာ မျက်နှာကိုငေးကြည့်ရင်းပြောလာတယ်။ နေရောင်ခြည်ကင်းမဲ့နေတဲ့ ဆောင်းမနက်ခင်းမှာ ကလေးငယ်ရဲ့ အပြုံးတွေသည်သာ Jisoo အတွက် နွေးထွေးရာပါပဲ ...

မနက်ခင်းတိုင်းသာ ဒီလိုဖြတ်ကျော်ရမယ်ဆို သိပ်ကောင်းမှာဘဲလို့ တွေးမိလိုက်သလို Jane ရဲ့အနာဂတ်ကိုစဉ်းစားမိပြန်တော့ စိတ်ထဲကနေ သက်ပြင်းတစ်ချက်ချရသည်။

ဒီတစ်ခါလဲ ဒီကလေးငယ်က Jisoo ရဲ့စိတ်ကို ဖတ်မိနေပြန်ပါတယ်။ ရင်ခွင်ထဲကနေခေါင်းမော့ပြီး Jisoo ရဲ့မျက်နှာကို ငေးနေတယ်။ ပြုံးနေတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေနဲ့။

"ကလေးငယ်လေးက ချစ်ဖို့ကောင်းလိုက်တာ။ ပါးလေးတွေဆို ဖက်ထုပ်လေးကျနေတာပဲ"

အပြုံးတွေနဲ့ ပြောလိုက်သည့် ဒီစကားဟာ ရီသံသွင်သွင်ပါနေခဲ့သည်။ ဖောင်းတစ်နေတဲ့ ပါးလေးကို ခပ်ဖွဖွဆွဲရင်းပြောလိုက်သည့်အပေါ် Jane ရဲ့ မျက်စောင်းတွေဟာ Jisoo ဆီသို့ တန်းတန်းမတ်မတ်။

Tied to you,with love bondWhere stories live. Discover now