အပိုင်း ( ၂၆ )

4.2K 532 51
                                    

ခန်းမကြီး တစ်ခုအတွင်း၌ဖြစ်သည်။ ထိုင်ခုံနေရာအသီးသီးမှာ လက်တော့ပ်ကိုယ်စီနဲ့ နေရာယူထားကြတဲ့သတင်းထောက်တွေဟာ အရှေ့မှာ မကြာခင်ပေါ်လာတော့မယ့် အမျိုးသမီးတစ်ဦးကို မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေကြသည်။

သတင်းစာရှင်းလင်းပွဲလို့သာ နာမည်တပ်ထားပင်မယ့် နလန်မထူနိုင်မယ့် အကွက်တွေနဲ့ မေးခွန်းပေါင်းများစွာကို နှိုက်နှိုက်ချွတ်ချွတ်မေးတက်ကြတဲ့ သတင်းထောက်တွေဟာ ဒီလောကမှာ အန္တရာယ်အရှိဆုံးသော လူသတ်သမားတွေပင်ဖြစ်သည်။

" သူ လာပြီ ! "

ထိုသတင်းစာရှင်းလင်းပွဲအတွင်းသို့ ဝင်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဒေါက်ဖိနပ်သံဟာ ယုံကြည်ချက်တွေအပြည့်နဲ့။ သတင်းထောက်တွေရဲ့ရှေ့က စင်ပေါ်မှာ ထိုအမျိုးသမီး ဝင်ထိုင်လိုက်သည်နှင့် ကင်မရာမီးတွေဟာ တဖြတ်ဖြတ်။

"မေးခွန်းတွေ စလို့ရပါပြီ"

အရင်ကလို မင်္ဂလာပါလို့တောင် နှုတ်မဆက်တဲ့ ထိုအမျိုးသမီးဟာ Kim Jisoo ပင်ဖြစ်သည်။ မင်္ဂလာမရှိတဲ့ သတင်းတွေကြောင့် မင်္ဂလာပါလို့ နှုတ်ဆက်စရာ မလိုလောက်ဘူးမလား။

Kim Jisoo ရဲ့မန်နေဂျာဖြစ်တဲ့ Hye Jin ကနေ ထိုအရိပ်အခြေတွေကို သိနေတာမို့ မေးခွန်းတွေ စမေးရန် မိုက်ကနေတဆင့် အသံပြုလိုက်ရသည်။

"ဝန်ကြီးချုပ်ဟောင်း Kim ရဲ့ သမီးအငယ်ဆုံးဆိုတာ မှန်ပါသလား"

"ဟုတ်ကဲ့ အမှန်ပါပဲ"

Kim Jisoo ဘက်က တည်တည်ငြိမ်ငြိမ်ဖြစ်သာ ထိုမေးခွန်းကိုပြန်ဖြေလိုက်ပင်မယ့် တဖက်မှာတော့ Jennie Kim ရဲ့ရုံးခန်းထဲကို အပြေးတပိုင်း ဝင်လာတဲ့ Chaeyoung ဟာ အခန်းတံခါးကိုတောင် မခေါက်နိုင်။

"Chaeyoung ဘာဖြစ်လို့လဲ "

" TV ဖွင့်လိုက် မြန်မြန် ! Jisoo shi ရဲ့ သတင်းစာရှင်းလင်းပွဲ လာနေတယ်"

"ဘယ်လို"

တအံတဩဖြစ်သွားရတဲ့ Jennie ဟာ ထိုင်ခုံကနေ ထပြီး TV ကိုအမြန်ဖွင့်လိုက်တော့ပေါ်လာသည်မှာ သတင်းထောက်တွေရဲ့အရှေ့က စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ သူမရဲ့ အမျိုးသမီး။

Tied to you,with love bondWhere stories live. Discover now