အပိုင်း ( ၁၀ )

4.8K 648 55
                                    


"Jane ရယ် ဖြစ်ပါ့မလား။ တို့ကြောက်တယ်"

"အမျိုးသမီးကလဲ ... ကျွန်မကိုမယုံဘူးလား"

မျက်လုံးချင်းစိုက်ကြည့်ကာ မေးလိုက်သည့်အခါ ကြောက်ရွံစိတ်တွေကြောင့် ယောက်ယက်ခက်လို့နေခဲ့တဲ့ Jisoo ရဲ့ အကြည့်တွေဟာ ချက်ချင်းဆိုသလို တည်ငြိမ်သွားတော့သည်။

"အင်း ယုံတယ်"

"ဒါဆို တက်"

ဆိုင်ကယ်ပေါ် ခွလျက်သား ထိုင်နေဆဲဖြစ်တာမို့ အမျိုးသမီးကို အနောက်ကတက်ရန် မျက်စပစ်ပြရသည်။ တုန်ရီနေတဲ့ ခန္ဓာကိုယ်နဲ့ အနောက်ကနေ ခွလျက်သားထိုင်လာတဲ့ အဲ့ဒီအမျိုးသမီးက တကယ်ကြောက်နေသည့်ပုံ။

"အဲ့နေရာကိုမကိုင်နဲ့ စိတ်မချရဘူး။ ကျွန်မရဲ့ ခါးကို ဒီလိုကိုင်ထား"

အမျိုးသမီးရဲ့ လက်တွေကိုဆွဲယူကာ ခါးပေါ် တင်ပေးရင်း ပြောလိုက်တော့ ဆက်ခနဲ ပြန်ဖက်တွယ်လာတဲ့ လက်တွေကြောင့် ဒီလိုအထိအတွေ့တွေနဲ့ ကျင့်သားမရသေးတဲ့ Jennie မှာ ကျောဟာ မတ်ခနဲ ဖြစ်သွားရသည်။

"မောင်းပြီနော်"

အနောက်ဘက်ကို ခေါင်းလေးစောင်းကာ ပြောလိုက်ပင်မယ့် အမျိုးသမီးကတော့ မျက်နှာငယ်လေးနဲ့သာ ခေါင်းငြိမ့်ပြလာတယ်။ ဆိုင်ကယ်စီးရအောင်လို့ပြောလိုက်တုန်းကဆို အမျိုးသမီးမှာအတော်လေး လန့်သွားရှာတာ။ တစ်ခါမှ ဆိုင်ကယ်မစီးဘူးလို့ ကြောက်တယ်တဲ့လေ။ ကျွန်မတစ်ယောက်ထဲ စီးမယ်ဆိုပြန်တော့လဲ စိတ်မချလို့ လိုက်ခဲ့မှာဆိုပြီး ပါလာတော့တာပဲ။

ဆိုင်ကယ်စပြီး မောင်းထွက်လိုက်တာနဲ့ ခါးကိုတင်းကြပ်နေအောင် ဖက်လာတဲ့ အမျိုးသမီးရဲ့ လက်နှစ်ဖက်ဟာ လွှင့်ထွက်သွားမည်ကို စိုးရိမ်၍လားမသိ အတင်းကို ဖက်တွယ်ထားတာ။

"ကြောက်သေးလား"

ခေါင်းလေးစောင်းကာ မေးလိုက်တော့ ကျွန်မရဲ့ ကျောပေါ် ပါးအပ်လာတဲ့ အမျိုးသမီးကြောင့် လက်တွေတောင် မခိုင်ချင်တော့သလို။ ပုခုံးထက်ကနေ ခံစားမိနေတဲ့ လေနွေးနွေးတွေနဲ့ ခါးပေါ်က လက်အစုံဟာ Jennie ရဲ့စိတ်တွေ စုစည်းတည်ရှိရာ နေရာတစ်ခုဖြစ်စေခဲ့သည်။

Tied to you,with love bondWhere stories live. Discover now