အပိုင်း ( ၃၁ )

7.2K 598 64
                                    


If you are under 18 please skip this part ! ok

☁️

ကိုရီးယားနိုင်ငံရဲ့နွေဦးရာသီဟာ သိပ်ကိုလှပပြီး မြင်တွေ့ရသမျှ ပုံရိပ်တွေသည်လဲဘဲ စိတ်အေးချမ်းစဖွယ်။ အရောင်အသွေးစုံလင်တဲ့ သစ်ရွက်တွေဟာ လမ်းမတိုင်းရဲ့ပေါ်မှာ ကြွေချ မြေခ နေတာ ပန်းချီကားကဲ့သို့ပင်။

ကားပေါ်ကနေ မြင်နေရတဲ့ မြင်ကွင်းတွေထက် မကြာခင် တွေ့ဆုံရတော့မယ့် အချစ်ဦးကြောင့် Jennie ရဲ့စိတ်တွေဟာ သစ်ရိပ်ဝါးရိပ်အောက် ရောက်နေရသလို မျက်နှာထက်အပြုံးနုနုနဲ့ ကြည်နူးနေခဲ့ရသည်။

အချစ်ဦးရယ် . . . နွေဦးရယ်
သိပ်ကိုကြည်နူးစရာကောင်းတာပဲ။

"ဟန်နီ့ဆီကိုပဲ ပို့ပေးနော်"

Jennie ရဲ့စကားကိုကြားတော့ ကားအရှေ့ခန်းမှာ ထိုင်နေတဲ့ Chaeyoung ဟာ အနောက်ခန်းမှာ Jennie နဲ့အတူထိုင်နေတဲ့ Mrs.Kim ကို လှမ်းကြည့်လာသည်။ Mrs.Kim ဘက်က ခေါင်းငြိမ့်ပြလိုက်တော့မှ ကားဒရိုင်ဘာကို လိပ်စာပြောပြပြီး လမ်းကြောင်းပြောင်းခိုင်းရ၏။

"ဒီနေ့ပြန်လာမယ်ဆိုတာ jisoo မသိဘူးလား"

"ဟုတ် သေချာမပြောပြထားတာ။ ဟန်နီ့ကိုအံ့ဩသွားအောင်လို့ "

Jennie ရဲ့စကားကြောင့် မာမီဟာ ပြုံးသွားတယ်။

"jisoo တော့ သမီးကိုမြင်ရင်ငိုတော့မှာသေချာတယ်"

"ဘာလို့လဲ မာမီ ? "

အလန့်တကြားနဲ့ မာမီ့ဘက်ကို တစောင်းလှည့်ချကာ မေးလိုက်တော့ အရှေ့ခန်းက Chaeyoung ကပါ လှည့်ကြည့်လာတယ်။

"ဝမ်းသာသွားလို့လေ။ jisoo လဲ သမီးကို လွမ်းနေမှာ သေချာတယ်။ မမျှော်လင့်ဘဲ တွေ့လိုက်ရရင် သူအရမ်းပျော်သွားမှာ"

"မာမီပြောမှ ရင်တောင်ပိုခုန်လာပြီ "

ရင်ဘတ်ကိုဖိကာ ပြောတော့ မာမီဟာ Jennie ရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပြီး ရီတယ်။ အမျိုးသမီးအရမ်းငိုနေတဲ့ ညကတည်းက ထိုလေယာဉ်လက်မှတ်ကို ကြိုမှာထားခြင်းဖြစ်ပြီး ဒေးဗစ်ရဲ့ မွေးနေ့ပါတီကို တက်ပြီးတာနဲ့ Chaeyoung နဲ့အတူ ကိုရီးယားကို ချက်ချင်းပြန်ချလာခဲ့ပေမယ့် မာမီဟာ တစက်လေးမှ ဗွေမယူခဲ့တဲ့အပြင် အမျိုးသမီးရဲ့အိမ်ရှေ့ထိ အရောက်ပို့ပေးပြန်ပါတယ်။

Tied to you,with love bondWhere stories live. Discover now