အပိုင်း (၄၂ )

3.7K 425 49
                                    


စန္ဒယားတီးလိုက် သံစဉ်တွေဖန်တီးလိုက်နဲ့ ဘဝရဲ့တချို့တဝက်သော နာရီတွေကို လှပစွာ ဖြတ်သန်းခဲ့ရဖူးတဲ့ အမျိုးသမီးက အခုများတော့ Jennie ထံ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝပေးရင်း တချို့သော အချိန်တွေမှာ စာအုပ်တွေနဲ့သာ အချိန်တွေကုန်ဆုံး နေတက်တော့သည်။

ယခုလည်းပဲ ကုတင်ပေါ်မှာ စာအုပ်တစ်အုပ်နဲ့ ရှိနေပြန်သည်။ ကုတင်နဲ့မလှမ်းမကမ်းနားက အလုပ်စားပွဲပေါ်မှာထိုင်ရင်း Jennie သက်ပြင်းသဲ့သဲ့ ချလိုက်မိတဲ့အခါ လက်တော့ပ်ပေါ် လှုပ်ရှားနေမိတဲ့ လက်တွေဟာလည်း အလိုအလျောက် ရပ်တန့်သွားရသည်။ Jennie တွေးမိသည်။ ချစ်လှစွာသော အမျိုးသမီးရဲ့အိမ်မက်ဟာ ဒါရော ဟုတ်ပါရဲ့လား။ နံဘေးနား အချိန်ပြည့်အတူရှိနေပေးပြီး Jennie လိုအပ်သည်များကို ဖြည့်ဆည်းပေးရင်းနဲ့ ယခုလက်ရှိ ရရှိနေတဲ့ နေထိုင်မှုကိုရော အမျိုးသမီးအနေနဲ့ စိတ်ကျေနပ်မှု ရှိပါရဲ့လားလို့ပေါ့။ အချစ်ကြောင့် အိမ်မက်တွေကို စွန့်လွှတ်လိုက်တာမျိုး Jennie လက်မခံနိုင်ပါ။

"မေတ္တာတရားဟာ ဘယ်လောက်အတိုင်းအတာအထိ နွေးထွေးမှုပေးနိုင်မယ်ထင်သလဲ။ အချိန်အားဖြင့် ဘယ်လောက်ထိလဲ"

စာအုပ်ဖတ်နေရင်းနဲ့ ထိုစာကြောင်းလေးကို Jisoo ရေရွတ်မိတဲ့အခါ အလုပ်စားပွဲနား ထိုင်နေတဲ့ Jane ရဲ့အကြည့်တွေဟာ ကုတင်ရှိရာဆီသို့ ရောက်လာတော့သည်။ စာကြည့်မျက်မှန်လေးကို ချွတ်ပြီး Jisoo ကို အမြတ်တနိုးနဲ့ ငေးလာသည်။ ခြေလှမ်းဖွဖွတွေနဲ့ အနားကို လျှောက်လှမ်းလို့လာပြီး မျက်နှာလေးကအစ အချစ်ရိပ်တွေနဲ့ ပြည့်နှပ်နေ၏။

လိုက်ဖက်ညီသည့် လူနှစ်ဦးဖြစ်သည့်အတွက် စာအုပ်စာပေတွေကို Jisoo က နှစ်သက်ပြီး Jennie ကတော့ ကဗျာရွတ်တွေ နားဆင်ရသည်ကို အလွန်ခုန်မင်တက်သူဖြစ်သည်။ အခန်းအတွင်း၌ ခပ်မြင့်မြင့်စာအုပ်စင်တစ်ခုအပြင် ရေဒီယိုတစ်လုံးနှင့် ပန်းချီကားတချို့ကိုလဲ ရိုးရှင်းသောအသွင်အပြင်ဖြင့် ထားရှိစေ၏။

တိုးလျစွာဖွင့်ထားတဲ့ ရေဒီယိုထဲကနေ အချစ်အကြောင်း ဒသာနတွေနဲ့ ကဗျာရွတ်တွေဟာ တငြိမ့်ငြိမ့် ပျံ့လွင့်နေပေမယ့် ထိုစကားသံတွေဟာ ကလေးငယ်လေးရဲ့ အသံလောက်တော့ နားဝင်ချိုနိုင်မယ်လို့ Jisoo မထင်မိပါ။

Tied to you,with love bondWhere stories live. Discover now