အပိုင်း ( ၂၅ )

4.2K 552 72
                                    


"Jennie"

"aww Chaeyoung ဘာကိစ္စလဲ"

"ဒီစာရင်းတွေလာပြတာ။ စစ်ပြီးရင် လက်မှတ်လေးထိုးထားပေးနော်။ ညနေ ရုံးမဆင်းခင် လာယူမယ်"

"အင်း ထားခဲ့လိုက်လေ"

Chaeyoung ဟာ ထွက်မသွားသေးဘဲ Jennie ရဲ့စားပွဲအရှေ့မှာ မတ်တပ်ရပ်နေဆဲဖြစ်တာမို့ ကွန်ပျူတာဆီရောက်နေတဲ့ အကြည့်တွေကို သူ့ဆီပို့လိုက်မိသည်။

"wae ? ပြောစရာ ကျန်သေးလို့လား"

"ကြည့်ရတာ သတင်းမမြင်သေးဘူးထင်တယ်"

"ဘာသတင်းလဲ "

"Jisoo Shi ရဲ့ သတင်းလေ"

ဟန်နီ့ရဲ့နာမည်ကိုကြားတော့ Jennie လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

"သူ ဘာဖြစ်လို့လဲ"

"Jennie ဘာသာ ရှာကြည့်လိုက်တာ ပိုအဆင်ပြေမယ်ထင်တယ်"

Chaeyoung ဟာ ဒီစကားကို လေးပင်စွာပြောပြီး ပြန်ထွက်သွားတာကြောင့် စားပွဲခုံပေါ်ကဖုန်းကို လှမ်းယူပြီး မှန်တွေနဲ့ကာရံထားတဲ့ ရှုခင်းကြည့်သည့် နေရာနားကို မတ်တပ်လာရပ်လိုက်မိသည်။

"ဘာသတင်းမို့လို့လဲ။ အူကြောင်ကြောင်နဲ့"

ဒီစကားကို ရေရွတ်ပြီး ခဏအကြာမှာ ဖုန်းထဲ တက်သမျှသတင်းတွေဟာ ဟန်နီ့ရဲ့ပုံတွေအပြင် ဟန်နီနဲ့အတူတူထိုင်နေတဲ့ ယောကျာ်းတစ်ယောက်။ ဟန်နီနဲ့ ထိုယောကျ်ားဟာ ဆိုင်တစ်ဆိုင်မှာ စကားပြောရင်း ရီမောနေကြတာ။ ဒီပုံတွေကြည့်ပြီး Jennie ရင်တွေ နာလာရပြီ။ ဟန်နီ့ကို ယုံကြည်သည့်တိုင်အောင် ဒီလို အခြားယောကျ်ားတစ်ယောက်နဲ့ တွဲမြင်ရတာမျိုးကို Jennie လုံးဝမနှစ်မျို့။

'တောင်ကိုရီးယားနိုင်ငံရဲ့အသက်အငယ်ဆုံး စန္ဒယားပညာရှင်နှင့်ဝန်ကြီးချုပ်ဟောင်း Kim -- ရဲ့သမီးအငယ်ဆုံးဟာ တစ်ယောက်ထဲဟုသိရ'

'ဝန်ကြီးချုပ်ဟောင်း Kim ရဲ့သမီးအငယ်ဆုံး Kim Jisoo နှင့် MM Group ရဲ့ သားအကြီးဆုံး Park Seo joon တို့ရဲ့ ငါးနှစ်ကြာအချစ်ရေးဟာ မကြာခင် လူသိရှင်ကြား ဖြစ်လာတော့မည် '

'လှို့ဝှက်မှုတွေများစွာနဲ့ စန္ဒယားပညာရှင် Kim Jisoo ဟာဖုံးကွယ်ထားတဲ့ နောက်ခံအသိုင်းအဝိုင်းကို ဖွင့်ချပြီးတဲ့နောက် လက်ထပ်တော့မှာလား '

Tied to you,with love bondWhere stories live. Discover now