အပိုင်း ( ၄ )

6K 735 91
                                    

"Morning ချာတိတ်။ ညကအိပ်လို့ကောင်းလား"

Kitchen ထဲ မနက်စာ ပြင်နေသည့် အမျိုးသမီးရဲ့စကားသံ။ သူ့အနားကိုသွားရပ်လိုက်တော့ အပြုံးတွေကိုဆင်မြန်းပြီး လူကိုငေးကြည့်နေတာ။ သူ့ဆီမှာ အပြုံးတွေ ပေါသလောက် ကျွန်မကတော့ တော်ရုံဆိုသိပ်ပြုံးလေ့မရှိ။

"ချာတိတ် မဟုတ်ပါဘူးဆိုနေ"

ခြေဆောင့်ကာ ပြောလိုက်မိတော့ အဲ့ဒီ အမျိုးသမီးက ရယ်တယ်။ ပြီးတော့ မျက်လုံးချင်းစုံအောင်ကြည့်လာပြီး နှစ်လိုဖွယ် ပြုံးပြလာပြန်တယ်။

"တို့အတွက်တော့ မင်းက ချာတိတ်လေးပဲ"

"နာမည်ရှိရက်သားနဲ့ကို"

ထိုစကားကို ခေါင်းငုံ့ကာ အလိုမကျစွာနဲ့ တိုးတိုးလေး ပြောလိုက်ခြင်းဖြစ်သည်။ အိမ်ထဲမှာစီးသည့် အရုပ်လေးပါတဲ့ အနွေးဖိနပ်ကို ငုံ့ကြည့်လိုက်တော့ ထိုအမျိုးသမီးကလဲ ခေါင်းငိုက်စိုက်နေတဲ့ ကျွန်မလိုမျိုး ခါးလေးကိုင်းကာ မျက်နှာကို လိုက်ကြည့်ပြီး ပြုံးနေပြန်သည်။

"မင်းနာမည်က ရှည်တော့ ဘယ်လိုခေါ်ရမှန်း မသိသေးလို့ ချာတိတ်လို့ခေါ်တာ"

"သူများတွေ ခေါ်သလို Jennie လို့ခေါ်ပေါ့"

"မခေါ်ချင်ဘူး တို့က သူများတွေနဲ့မတူဘူး"

စောနက ပြုံးရယ်နေသလောက် အခုတော့ ရုပ်တည်ကြီးနဲ့ပြောချပြီး မနက်စာ ဆက်ပြင်နေတာမို့ ဘာမှဆက်မပြောတော့ဘဲ ဘေးကနေသာ ရပ်ကြည့်နေမိသည်။

"မင်း ဘာဆက်လုပ်မယ်စိတ်ကူးလဲ။ အိမ်ပြန်မှာလား"

ပေါင်မုန့်ကို တကိုက် ကိုက်ပြီး အဲ့ဒီအမျိုးသမီးက စားနေရင်းနဲ့ မေးလာသည်။

"မပြန်ချင်ဘူး"

ကော်ဖီခွက်ကို ပြန်ချလိုက်တဲ့ အမျိုးသမီးဆီကအသံ။ စားပွဲပေါ် လက်နဲ့ထောက်ပြီး လက်ဖမိုးပေါ် မေးဖျားတင်ကာ သူကျွန်မကို စိုက်ကြည့်နေတာအကြာကြီး။ ထိုအမျိုးသမီးက တစ်စုံတစ်ခုကိုပြောချင်နေသည့်ပုံပဲ။

"တို့နဲ့ နေမလား"

မျက်ခုံးပင့်ပြကာ မေးလာသည့် စကား။ သူ့ မျက်ဝန်းတွေထဲ နွေးထွေးသည့် အငွေ့အသက်တွေကို Jennie ခံစားနေရသည်။ ဒီအချိန်မှာ သူ့ဆီကလွဲရင် အခြားသွားစရာမှမရှိတာ။

Tied to you,with love bondWhere stories live. Discover now