အပိုင်း ( ၇ )

5.4K 802 45
                                    

"ဒါကဘယ်လိုတွေဝတ်လာတာလဲ ချာတိတ်။ ဆောင်းဝင်နေပြီလေ။ အနွေးထည်ထူထူလေး သွားပြန်လဲလိုက်"

လည်ဟိုက်အင်္ကျီနဲ့ ထွက်ချလာတဲ့ချာတိတ်ကို အိမ်ပေါက်ဝကနေ လက်ပိုက်ပြီးပိတ်ဟောက်လိုက်တော့မှ မှုန်ကုတ်ပြီးအိမ်ထဲကို ခြေဆောင့်ကာပြန်ဝင်သွားသည်။ တစ်ခါတစ်လေ သူ့ကိုအဲ့လိုဟောက်လိုက်ရင်တော့ ဒီကလေးက တကယ်ကြောက်ရှာသား။

"ဒီလောက်ဆိုရပြီလား အမျိုးသမီး"

အစိမ်းရောင် ခေါင်းစွပ်အနွေးထည်အထူကြီးနဲ့ ကျွန်မရှေ့မှာ ခါးထောက်ပြီး ပြောလာတဲ့ ချာတိတ်ဟာ ထိုအင်္ကျီထဲ နစ်မြုပ်လို့နေသည်။ သူ့အတွက်ထည့်ထားပေးတဲ့ အင်္ကျီမှန်သမျှဟာလဲ ထိုအင်္ကျီကဲ့သို့ အနွေးထည် အပွကြီးတွေသာ။

ချာတိတ်က လူငယ်ဆန်ဆန် အဟိုက်တွေ အကွဲတွေ အပြဲတွေဝတ်ချင်တာသိပေမယ့် Jisoo ကတော့ လုံးဝလက်မခံ။ လုံလုံခြုံခြုံရှိစေမယ့် အင်္ကျီတွေကိုသာ ဆင်ပေးလေ့ရှိသည်။

"အင်း ရပြီ ကားထဲဝင်တော့ အပြင်မှာအေးတယ်"

"သွားရမယ့်နေရာက ဝေးလား"

ထိုင်ခုံခါးပတ်ပတ်ရင်း ချာတိတ်ကမေးလာသည်။

"အင်း နည်းနည်းဝေးတယ်။ အခုက မနက် ၁၀နာရီဆိုတော့ ဟိုကို ညနေလောက်မှ ရောက်မယ်ထင်တယ်"

"ကားကို တစ်ယောက်တစ်လှည့်မောင်းမယ်လေ။ တစ်လမ်းလုံးဆို ရှင် ပင်ပန်းနေမှာ"

"ရပါတယ် မင်း လက်ကဒဏ်ရာကြီးနဲ့ အပြန်ကျမှ မောင်းတော့"

ချာတိတ်က ခေါင်းငြိမ့်ပြပြီး ပီကေကို ထုတ်ဝါးနေတော့ ဘာမှဆက်မပြောဖြစ်။ တရွေ့ရွေ့နဲ့ ကားလေးနဲ့ဦးတည်ရာဟာ သိပ်ကိုအေးချမ်းလှတဲ့ မြို့လေးတစ်မြို့ဆီ။

လမ်းတဝက်လောက်ရောက်တော့ ချာတိတ်က ကားမှန်ကိုမှီပြီးအိပ်ပျော်နေတာမို့ စန္ဒယားသံစဉ်လေးကိုခပ်တိုးတိုးလေး ဖွင့်ထားပေးလိုက်သေးသည်။ သူအိပ်လို့ကောင်းအောင်လို့လေ။ ကားသာမောင်းနေရပေမယ့် မျက်လုံးတွေကတော့ ချာတိတ်ဆီ ခဏခဏရောက်နေမိတာအမှန်ပင်။ ဖြူဖက်ဖြူရော်ဖြစ်လာတဲ့ နှုတ်ခမ်းတွေကြောင့် Jisoo စိတ်ထဲ နေရတာ သိပ်အဆင်မပြေလှ။ ထိုသို့အဆင်မပြေနေတဲ့စိတ်တွေဟာ ခဏအကြာမှာ ပိုလို့ပင် ဆိုးရွားသွားခဲ့သည်။ အဝေးပြေးလမ်းမကြီးပေါ်က ထိုကားလေးဟာ လမ်းဘေးတစ်နေရာသို့ ထိုးရပ်ပြီးသည်နှင့် ထိုင်ခုံခါးပတ်ကိုချွတ်ပြီး jennie ရှိရာ ဘက်ခြမ်းသို့တိုးကပ်သွားသည့် Jisoo ဟာ အပူမီးတွေ ကပ်ငြိလို့နေခဲ့သည်။

Tied to you,with love bondWhere stories live. Discover now