မနက်ခင်းတိုင်း အိပ်ယာကနေ မထသေးခင် မျက်လုံးတွေကို မဖွင့်သေးဘဲ သံစဉ်စာသားတွေကို ဦးနှောက်ထဲကနေ ပုံဖော်ရေးမှတ်နေလေ့ရှိတဲ့ Kim Jisoo ဟာ ထိုသံစဉ်တွေထဲမှာဘဲ သူမရဲ့ ဘဝကို အချိန်တစ်ခုအထိ နှစ်မြုပ်ထားခဲ့ဖူးသည်။အခုလက်ရှိ Kim Jisoo ကတော့ မျက်လုံးတွေကို မှိတ်ထားရင်းနဲ့ နှုတ်ခမ်းထက်ဖြစ်ပေါ်နေတဲ့ အပြုံးတွေဟာ ထိုသံစဉ်တွေကြောင့် မဟုတ်ဘဲ သူမရဲ့အတွေးတွေကြောင့်သာဖြစ်သည်။ မျက်လုံးနဲ့မမြင်ရသေးပင်မယ့် အငွေ့အသက်တွေကို Jisoo ခံစားလို့ရနေတယ်။ ရူးမူးစွာ စွဲလမ်းနေရတဲ့ ကိုယ်သင်းရနံ့ဟာ အရှေ့တည့်တည့်မှာ။ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တော့ ရင်ထဲမှာ နွေးခနဲဖြစ်သွားရတယ်။
မျက်နှာချင်းဆိုင် အနေအထားနဲ့ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ Jane လေးဟာ Jisoo ရဲ့လက်ညိုးလေးကိုလဲ ခလေးလေးတွေလို ဆုပ်ကိုင်ထားသေးတာ။
"ဘေဘီ"
"ထတော့လေ ဘေဘီရဲ့"
ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွဆွဲရင်း နိုးလိုက်တော့ ကလေးငယ်ဟာ မျက်ခွံလေးတွေ စတင်လှုပ်ရှားလာတယ်။
" Jane ပိစိလေးရေ"
မျက်လုံးလေးတွေဖွင့်လာတဲ့ Jane ဟာ Jisoo ကိုမြင်တော့ ပြုံးပြလာတယ်။ ဒီအပြုံးဟာ Jisoo နဲ့အတူတူ ရှိနေမှသာ ဖြစ်ပေါ်လာတဲ့ မူပိုင်အပြုံးမျိုး။ တနည်းအားဖြင့်ပြောရရင် Jisoo တစ်ယောက်ထဲသာ ပိုင်တဲ့အပြုံးမျိုး။
သွားသေးသေးလေးတွေ အစီအရီ ပေါ်လာသည်အထိ၊ ပါးလေးတွေ မို့တက်လာသည်အထိ၊ မျက်လုံးလေးတွေ မှိတ်ကျသွားသည်အထိ ဒီကလေးငယ်ဟာ Jisoo ကိုပြုံးပြလေ့ရှိတယ်။ အခုလဲဘဲ ထိုကဲ့သို့ ပြုံးပြနေဆဲ။
" Morning ဟန်နီ "
" Morning ဘေဘီ။ အိပ်ရေးရော ဝရဲ့လား"
" အွန်း မဝ တဝ "
မျက်လုံးတွေပြန်မှိတ်ပြီး ရင်ခွင်ထဲတိုးဝင်လာတော့ Jisoo မှာအသည်းတယားယားနဲ့ပြုံးရသေးသည်။
" ၇ နာရီထိုးနေပြီ ဘေဘီရဲ့။ ထတော့နော်"
"ဟန်နီ မျက်နှာသစ်ပေး"
YOU ARE READING
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တက်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...