အပိုင်း ( ၃၅ )

4.3K 637 97
                                    


အမျိုးသမီး ငယ်စဉ်က နေထိုင်ခဲ့ဖူးတဲ့ ထိုအိမ်လေးရဲ့အရှေ့ကို ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိခဲ့ရပြန်ပြီ။

ပထမအကြိမ်တုန်းကလို အနားမှာ သူ မရှိပေမယ့် ဒီအိမ်လေးကိုမြင်ပြီး ရင်ထဲနွေးသွားသလိုတော့ ခံစားမိပါတယ်။ ဒီလို နွေးထွေးမှုမျိုးကို မခံစားခဲ့ရတာ သုံးနှစ်တောင် ရှိနေရောပေါ့။

"ဘယ်သူများလဲကွယ် "

အရမ်းကိုအိုစာသွားတဲ့ အဘွားဟာ Jennie ရဲ့ အနားကို တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့ တဖြေးဖြေးချင်း လျှောက်လှမ်းလာသည်။ ဒီသုံးနှစ်တာ ကာလအတွင်းမှာ အဘွားဟာ ကျန်းမာရေး ပျက်ယွင်းနေခဲ့ပုံပါပဲ။

"ကျွန်မကိုမမှတ်မိဘူးလား အဘွား။ Kim Jisoo နဲ့အတူတူ လာဖူးသေးတယ်လေ"

အဘွားဟာ ချက်ချင်းဆိုသလို မျက်ရည်တွေ ရစ်သိုင်းလာပြီး Jennie ရဲ့လက်ကို ဆုပ်ကိုင်၍ အိမ်ထဲသို့ ဦးဆောင်ကာ ဝင်သွားသည်။

နှစ်တွေကြာနေပေမယ့် ထိုအိမ်လေးကို အဘွားဟာ အမြဲတမ်း သန့်ရှင်းရေး လာလုပ်ပေးထားတဲ့ပုံပါပဲ။ အိမ်အတွင်းမှာ ဖုန်တစ်မှုန်တောင် မတွေ့ရဘူး။

"အရမ်းကို ပင်ပန်းနေတယ်မလား "

လက်ဖက်ရည်ကြမ်း ပန်းကန်လေးကို Jennie ရှေ့ ကမ်းပေးရင်းနဲ့ မေးလာတယ်။

"မသေရုံတမယ်ပါပဲ အဘွားရယ် "

"အဲ့ဒီနေ့တုန်းက Jisoo လေးရဲ့ ပုံစံကို အဘွားအခုထိ မမေ့နိုင်သေးဘူး။ ကော်ဖီခွက်ကိုကိုင်ပြီး အပေါ်ထပ်မှာအိပ်နေတဲ့ ကလေးမလေးရဲ့အိပ်ခန်းရှိရာဆီကို မျက်ရည်တွေနဲ့ ငေးကြည့်နေတဲ့ Jisoo လေးက အဘွားကို ဒီလိုမျိုးပြောခဲ့ဖူးတယ်။ ဖြတ်ရအခက်ဆုံး သံယောဇဉ်ကြိုးမှန်း သိသိကြီးနဲ့ မသိလိုက်ခင်မှာပဲ ချည်မိသွားတာတဲ့လေ"

အဲ့ဒီစကားလုံးတွေကို ကြားမိတဲ့အချိန်မှာပဲ စိတ်မထိန်းနိုင်စွာ ခေါင်းငုံ့ကာ ငိုချတော့ အဘွားလဲဘဲ အသံတိတ် ငိုကြွေးနေခဲ့တယ်။

ချည်မိသွားတယ်ဆိုတဲ့သူက အခုများကျတော့ ထိုကြိုးရဲ့ အစ နှစ်စကို ထုံးကျစ်ပြီး နောက်ထပ် မရစ်ပတ်နိုင်တော့အောင် ချည်နှောင်မှုတွေကို ဖြတ်တောက်သွားတာများ သိပ်ကိုရက်စက်ရာကျတာပဲ။

Tied to you,with love bondWhere stories live. Discover now