အပိုင်း ( ၄၁ )

5.7K 498 80
                                    


ဆုံးဖြတ်ချက်ချပြီးကာမှ တွေဝေနေရသည့် အဖြစ်မျိုး Jennie ရဲ့ဘဝမှာ မရှိခဲ့ဖူးပေ။ မိမိကိုယ်တိုင် ကားနဲ့တိုက်သတ်ထားတဲ့လူကို လူနာသတင်းလာမေးရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်စေပေမယ့် ဆုံးဖြတ်ပြီးသားမို့ မတက်နိုင်။ အမျိုးသမီးကို အကူအညီတွေပေးခဲ့ဖူးတဲ့ လူပဲဆိုပြီး နှလုံးသွင်းကာ လာခဲ့ရတဲ့လမ်း။ သိပ်တော့လဲ အဆင်ပြေမနေဘူးရယ်။

အခန်းတံခါးဝတစ်ခုရဲ့အရှေ့မှာ ခြေအစုံရပ်ပြီး အသက်ကိုဝဝရှုသွင်းကာ စိတ်ကိုတည်ငြိမ်အောင် ထားစေပြီး အခန်းတံခါးကို ခေါက်လိုက်သည်။

" ဝင်ခဲ့ပါ "

အခန်းတွင်းဝင်ခဲ့လိုက်သည့်အခါ
ကုတင်ဘေးနားက ပြတင်းတံခါးရဲ့ရှေ့မှာ ဂျိုင်းထောက်လေးနဲ့ မတ်တပ်ရပ်နေတဲ့ လူက Jennie ကို ပြုံးပြီးလှမ်းကြည့်နေတယ်။ အမြင်ကပ်စရာကောင်းလိုက်တာ။

"မသေသေးလို့ ကျေးဇူးတင်တယ်"

"ဟား ဟား ဟား "

ထိုရယ်သံဟာ Seo joon ဆိုတဲ့အမျိုးသားဆီကဖြစ်သည်။ ခနဲ့သလို ရယ်တာမျိုးမဟုတ်ဘဲ Jennie ရဲ့အပြောကို သဘောကျစွာဖြင့် ရယ်ခြင်းမျိုးဖြစ်နေတာကြောင့် စိတ်မတိုမိ။

"Jennie Kim ကတော့ တကယ့်စံပဲဗျာ"

"ဘာကိုလဲ "

ဘယ်ဘက်ခြေထောက်ကို ကျောက်ပတ်တီး ကိုင်ထားရတဲ့ ထိုအမျိုးသားဟာ ဂျိုင်းထောက်ရဲ့ အကူအညီဖြင့် ကုတင်ပေါ်သို့ တက်ထိုင်သည်။ မတ်တပ်ရပ်နေဆဲဖြစ်တဲ့ Jennie ကို လှမ်းကြည့်လာသည်။ ထိုင်ခုံမှာ ထိုင်ရန် လက်ဟန်ပြလာတော့ ဂရုမစိုက်သလိုဟန်နဲ့ အနားကို တိုးသွားမိတယ်။

"ခင်များရဲ့သတ္တိကို တကယ်ချီးကျူးမိတယ်"

"ချီးမွှမ်းခံဖို့လာတာမဟုတ်လို့ အဲ့တာတွေမလိုပါဘူး။ ဆိုတော့ ဆေးရုံမဆင်းသေးဘူးလား။ အမျိုးသမီးက ဒီနေ့ဆင်းမယ်ပြောလို့ လာခဲ့တာ"

"ခဏနေ ဆင်းတော့မှာ "

"ကျေးဇူးတင်ပါတယ် "

တအံ့တဩဖြစ်သွားတဲ့ အမူအယာတွေဖြင့် ဖျက်ခနဲမော့ကြည့်လာတဲ့ Seo joon ရဲ့ အကြည့်ကြောင့် မျက်နှာလွှဲလိုက်ရသည်။

Tied to you,with love bondTempat cerita menjadi hidup. Temukan sekarang