အပိုင်း ( ၈ )

5.7K 716 64
                                    

လူမှန်းသိတက်စအရွယ်ကတည်းက တိုင်းတပါးမှာ နေခဲ့ရသူမို့ တော်ရုံဆို အခြားလူအပေါ် အမှီသဟဲပြုပြီး နေလေ့မရှိတဲ့ Jennie Kim ဟာ အခုတော့ သိပ်လှတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေခဲ့ရလို့ ထိုအမျိုးသမီးရဲ့ လက်မောင်းသွယ်သွယ်ကိုသာ ကိုးကွယ်ရာအဖြစ်နဲ့ အားကိုးတကြီး မှီတွယ်နေခဲ့ရတာတဲ့လေ။

ပြူးကျယ်သွားတဲ့ မျက်လုံးအိမ်ကို အတင်းပြန်ပိတ်ကာ စိတ်တည်ငြိမ်အောင် ဝင်သက်ထွက်သက် လေတွေကိုမှတ်ရသည်။ မယုံကြည်နိုင်စရာကောင်းပေမယ့် မျက်စိရှေ့က အလှနတ်ဘုရားမရဲ့ ရင်ခွင်ထဲကို ကျွန်မ တကယ်ရောက်နေခဲ့တာ။ မဟုတ်ဘူး။ အဲ့ဒီ အလှနတ်ဘုရားမဆိုတာထက် အမျိုးသမီးက အပုံကြီး ပိုလှမှာသေချာတယ်။

အသားချင်းထိကပ်နေတယ်ဆိုတာကို စောင်အောက်ထဲကနေ ခံစားမိနေတာမို့ နွေးထွေးလွန်းတဲ့ အမျိုးသမီးရဲ့ ပေါင်ကြားထဲရောက်နေသည့် ကျွန်မရဲ့ခြေထောက်တွေကို အသာအယာဆွဲထုတ်ပြီး Jennie အတွေးတွေ များရပြီဖြစ်သည်။ ကားပေါ်မှာ အရမ်းချမ်းနေလို့ အမျိုးသမီးက သူ့ရဲ့ Coat အင်္ကျီတွေကို ကျွန်မအပေါ် ခြုံပေးတာအထိဘဲ မှတ်မိနေတာ။ နောက်ပိုင်း ဘာတွေဖြစ်ခဲ့တာလဲ။ ပြီးတော့ အမျိုးသမီးကရော ဘာလို့ အတွင်းဝတ်တစ်စုံကလွဲရင် အဝတ်အစားမှမပါရတာလဲ။ ကျွန်မကရော။

"နိုးပြီလား ကလေး"

ကလေးဟူသောအသုံးအနှုန်းဖြင့် ခပ်ဩဩအသံလှိုင်းနဲ့အတူ အမျိုးသမီးရဲ့လက်ဖမိုးနုနုဟာ Jennie ၏နဖူးထက်သို့ ရောက်ရှိလာခဲ့သည်။

"တော်ပါသေးရဲ့ ကိုယ်ပူကျသွားပြီ"

အမျိုးသမီးရဲ့ မျက်နှာချောချောကို သူ့ရင်ခွင်ထဲကနေ မော့ကြည့်နေရင်း Jennie အသက်ရှုရတာ မဝတော့သလို။

"ရှင် ငိုထားတာလား"

နှာဖျားတွေ ရဲနေသည့် အမျိုးသမီးကို စေ့စေ့ကြည့်ပြီး မေးလိုက်မိသည်။ အမျိုးသမီးက မျက်နှာကျက်ကို တစ်ချက်မော့ကြည့်ပြီး Jennie ရဲ့မျက်နှာကိုပြန်ကြည့်တယ်။

"ဘာလို့လဲ "

"အသံကငိုထားတဲ့ အသံမျိုးဖြစ်နေလို့"

Tied to you,with love bondWhere stories live. Discover now