အပိုင်း ( ၃၀ )

4.3K 570 77
                                    


သမီးရဲ့အဖေ ဒီရက်ပိုင်း ကျန်းမာရေးမကောင်းဘူးဆိုပြီး ငိုရင်းနဲ့ပြောလာတဲ့ အမေ့ရဲ့စကားကြောင့် ဒီအိမ်ရိပ်ကို ဒုတိယအကြိမ် ထပ်ပြီးနင်းရပြန်ပြီ။

"အဖေရော"

"စောနကတော့ စာကြည့်ခန်းထဲမှာထိုင်နေတာ။ အခုတော့ အိပ်ခန်းထဲ ရောက်နေလောက်ပြီ"

"သွားကြည့်လိုက်မယ်"

မျက်နှာမကောင်းတဲ့ အမေဟာ Jisoo ကို တခုခုပြောချင်နေတာသိပေမယ့် အဖေ့ဆီကိုသာ အရင်ဆုံး သွားလိုက်မိသည်။ အပေါ်ထပ်ကို တက်လာရင်းနဲ့ ထောင့်စွန်းက စာကြည့်ခန်းတံခါးဟာ အနည်းငယ်ဟ့နေတော့ အဖေရှိမယ်အထင်နဲ့ ဝင်လိုက်သည့်အခါ မည်သူမှ ရှိမနေ။ အဖေနဲ့ အမေရဲ့ အိပ်ခန်းဟာ စာကြည့်ခန်းနဲ့ ကပ်လျက်မှာ ဖြစ်သည်။

အရင်ကဆို ဒီစာကြည့်ခန်းထဲမှာပဲ Jisoo ရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့ဖူးသည်။ အဖေပေးတဲ့ စာအုပ်တွေကို ထိုင်ဖတ်ရင်းနဲ့ လူဟာ ထမင်းမေ့ ဟင်းမေ့။ မထိုင်တာကြာပြီဖြစ်တဲ့ စားပွဲခုံနဲ့ မျက်နှာချင်းဆိုင်က ဆုံလည်ထိုင်ခုံလေးပေါ် ဝင်ထိုင်လိုက်တဲ့အချိန် အတိတ်ကပုံရိပ်တွေဟာ မျက်လုံးထဲ တရိပ်ရိပ်နဲ့ပေါ်လာရသည်။ အရင်တုန်းက Kim jisoo ဟာ အဖေချစ်တဲ့သမီးအလိမ္မာလေး ဖြစ်ခဲ့ဖူးသည်။ အဖေ့စကားဆို အမြဲတမ်း နာခံခဲ့ပေမယ့် လင်ပေးစားတဲ့အရေးကိုတော့ Jisoo ဘက်က ပထမဆုံးအကြိမ် ခါးခါးသီးသီးငြင်းဆန်သည့်အခါ အဖေနဲ့ jisoo ဟာ တိုက်ပွဲအတွင်းက ရန်သူတွေပမာဖြစ်ခဲ့ရတော့သည်။

နာကြည်းစွာ တချက်ပြုံးရင်းနဲ့ စားပွဲခုံပေါ် တင်ထားတဲ့ အညိုရောင်စက္ကူဖိုင်လေးကို ဘာရယ်မဟုတ် ယူကြည့်လိုက်မိသည်။ ထိုဖိုင်အတွင်းထဲကနေ ထုတ်ယူလိုက်မိသည့် ပုံတွေကိုမြင်လိုက်ရသည့်အခါ ထိုင်ခုံပေါ် ထိုင်နေရာကနေ အလန့်တကြားနဲ့ မတ်တပ်ထရပ်ပြီး နံရံကို ကျောကပ်မိလျက်သား ဖြစ်သွားခဲ့သည်။ ပါးစပ်ကိုလက်နဲ့အုပ်ထားရင်း Jisoo မှာ သွေးပျက်လွန်းစွာနဲ့ စိတ်တွေ ခြောက်ခြားသွားရလေပြီ။

အခန်းတခုအတွင်းမှာ အထက်တန်းကျောင်းသူ ဝတ်စုံတွေနဲ့ ကောင်မလေး သုံးယောက်အပြင် ယောကျ်ားနှစ်ယောက်ဟာ ရွံစရာကောင်းတဲ့ လုပ်ရပ်တွေကို ပြုမူနေကြတာ။ ထိုယောကျ်ားနှစ်ယောက်ထဲက တစ်ယောက်ဟာ ဂုဏ်သိက္ခာဆိုသည့် စကားလုံးကို ပါးစပ်ဖျားကနေ မချခဲ့တဲ့ သူမရဲ့ဖခင်ဖြစ်ပြီးနောက်တစ်ယောက်ဟာ Jisoo အစ်မရဲ့ ယောက်ခထီးဆိုသူဖြစ်သည်။

Tied to you,with love bondWhere stories live. Discover now