Part 1

3K 294 24
                                    


Unicode

​မြောက်ပြန်လေအေးတွေ စပြီးတိုက်ခက်တဲ့ အေးစိမ့်စိမ့် လပြည့်ညတစ်ည။

မြို့ပြနဲ့မလှမ်းမကမ်း လူသူတွေနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတွေနဲ့အုံ့ဆိုင်းနေတဲ့ အိမ်ကြီးတစ်ဆောင် ။

ခမ်းနားပေမဲ့ အထီးကျန်ဆန်လွန်းတဲ့အိမ်ကြီးဟာ ညအမှောင်ကြောင့် ပိုပြီးကြောက်စရာကောင်းနေသလို..။


အိမ်အနီးတစ်နေရာ လရောင်အောက်မှာ တိတ်ဆိတ်စွာ လှုပ်ရှားနေတဲ့အရိပ်တချို့က သိပ်ပြီးသဘာဝမဆန်ပေမဲ့ သတိထားမိမဲ့သူရှိမဲ့ပုံလည်းမပေါ်။

ရုန့်ရင်းဆန်ခက်တွေလည်း ဖြစ်သွားတယ်ထင်ပါရဲ့။


ဒါပေမဲ့ အေးစက်တဲ့ လပြည့်ညရဲ့ လမင်းကိုယ်တိုင်က မသိချင်ယောင်ဆောင်နေသလို

ဘယ်သူကမှလည်း ဘာတွေဖြစိနေမှန်း သိမြင်နိုင်စွမ်းမရှိခဲ့။



ခဏနေတော့ အရာအားလုံးဟာ မရှိခဲ့သလို ငြိမ်သက်ကျသွားပြီး ကျန်ရစ်နေခဲ့တာက အရိပ်တစ်ခုတည်း..။

လူတစ်ယောက်။

သွေးရော မျက်ရည်ရောမရှိဘူးလို့ထင်ရလောက်အောင်
သူ့ရဲ့မျက်လုံးတွေမှာ ဘာခံစားချက်ကိုမှ ရှာမတွေ့နိုင်တဲ့ပုံစံနဲ့ အရိုင်းဆန်ဆန်လူတစ်ယောက်။

သွေးစို့နေတဲ့ ပါးနဲ့နှုတ်ခမ်းကဒဏ်ရာအနည်းငယ်ကလွဲရင် ကျန်တာတော့ ထူးထူးခြားခြားဘာမှထိခိုက်နာကျင်နေပုံမပေါ်။

အေးအေးဆေးဆေးနဲ့ အမှောင်ရိပ်ကနေ သစ်ပင်အရိပ်တွေအောက်က ဖြတ်သန်းပြီး အိမ်ကြီးဆီဥိးတည်နေတဲ့ သူ့ရဲ့ခြေလှမ်းတွေ...။

ငွေရောင်ဆံပင်တွေကတော့ လရောင်အောက်မှာ တလက်လက်တောက်ပလျက်ပေါ့။















"ဒီမှာ ဒီမှာ"

ဘယ်လောက်လှမ်းခေါ်ခေါ် ကြားပုံမပေါ်သည့် ကျွန်တော့်ရှေ့နားကလူ။

နောက်ဆုံးတော့ ကြံမိကြံရာ အနားက ခဲတစ်လုံးကိုကောက်ယူပြီး ပေါက်လိုက်တော့

"ဟေ့လူ ဒီမှာလို့!"

ကိုယ်တော်ချောက ခဲနဲ့ပေါက်မှလှည့်ကြည့်တော့တာပဲ။

Crossroads|Jaywon ✅Where stories live. Discover now