Part 17

1.2K 182 26
                                    

Unicode

"မသေချာတဲ့ကတိတွေကိုပေးမဲ့အစား အကောင်းဆုံးကြိုးစားကြည့်တာက ပိုပြီးသင့်တော်တယ်မဟုတ်လား?"







တစ်လတောင်ရှိခဲ့ပြီ။

အနားမှာ ဝန်း​လေးမရှိတော့တာ။

သူ့အနားကနေ ဂျောင်ဝန်းထွက်သွားတာ
တစ်လတောင်ရှိသွားခဲ့ပြီလား။


"အကိုရှိရင် ဘယ်နေရာမဆိုနေနိုင်ပါတယ်"လို့ပြောခဲ့ဖူးတဲ့ ချစ်စရာကောင်လေးရဲ့ အဲဒီနှုတ်ဖျားကနေပဲ ထွက်လာခဲ့တဲ့ "အခု ကျွန်တော့်ကို လွှတ်ပေးလိုက်ပါတော့"ဆိုတဲ့ စကားကို သူဘယ်လိုမှခံနိုင်ရည်မရှိခဲ့။




ဒီလူတစ်ယောက်တည်းဆီက

ဒီနှုတ်ခမ်းဖျားလေးတစ်ခုတည်းဆီက

သူသိပ်မြတ်နိုးရတဲ့ တူညီသောနှုတ်ခမ်းပါးတစ်ခုတည်းကနေ ထွက်လာခဲ့တဲ့စကားတွေက
မတူညီတဲ့အချိန်တစ်ခုမှာတော့ ပြောင်းလဲသွားခဲ့သည်။





လောကကြီးက အတော့်ကိုရယ်စရာကောင်းတာပဲရ

တကယ်ယုံကြည်ရတဲ့ အရာဆိုတာ ဘာမှမရှိ။

"အမြဲထာဝရ"ဆိုတာက လက်ဆုပ်လက်ကိုင် သက်သေပြလို့မရတဲ့ လေထဲကစိတ်တ္တဇနာမ်တစ်ခုသက်သက်သာ။



"ဘယ်အရာကမှအစစ်အမှန်တွေမဟုတ်ဘူး"

ဒီလိုမျိုး နာနာကျည်းကျည်းအော်ဟစ်ပစ်လိုက်ချင်ပေမဲ့ တည်မြဲနေတဲ့အရာတစ်ခုကတော့ ရှိနေခဲ့သေးသည်လေ။

ဂျောင်ဝန်းအပေါ်ထားခဲ့တဲ့ သူ့ရဲ့စိတ်ရင်း။


ဘယ်တုန်းကမှ ပြောင်းလဲခြင်းမရှိခဲ့သလို
စတွေ့ခဲ့တဲ့အခိုက်အတန့်ကတည်းကစလို့ အခုချိန်ထိတိုင်အောင် သွေးအေးသွားခြင်း နည်းနည်းလေးတောင်မရှိတဲ့ သူ့ရဲ့နှလုံးသား။

ရှေ့လျှောက်လည်းပြောင်းလဲသွားစရာအကြောင်းမရှိခဲ့။

အမြဲတမ်းထာဝရဆိုတဲ့စကားလုံးက ဒီကမ္ဘာပေါ်မှာ ကိုယ့်အတွက် ရှိမနေခဲ့ဘူးဆိုရင်တောင် မင်းအတွက်တော့ ထာဝရမပြောင်းလဲသွားမဲ့နှလုံးသားတစ်စုံကိုယ့်ဆီမှာရှိတယ် ဝန်းလေး။







Crossroads|Jaywon ✅Where stories live. Discover now