Part 6

1.4K 211 21
                                    

Unicode

"လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် နောက်ထပ်လူတစ်ယောက်က ဘဝတစ်ခုလုံးနဲ့ရင်းရဲတာကို အချစ်လို့ပဲ ခေါင်းစဉ်တပ်ကြမလား?"







"ငယ်လေး နေလို့မကောင်းဘူးလား"

မေးခွန်းထုတ်လာသည့်မျက်ဝန်းထဲမှာ စိုးရိမ်မှုတွေအပြည့်ကအထင်းသား။

"ကောင်းပါတယ် အကိုရဲ့"

ကောင်းတယ်လို့ပြန်ဖြေပြီး ပြုံးပြပေမဲ့ အပြုံးလေးကတော့ အားနည်းစွာ။


သူ့ကလေးလေး ဒီလိုညှိုးနွမ်းနေတာ ရက်ပိုင်းရှိပြီ။

အတိအကျပြောရရင် ကလေးရဲ့အကိုဆိုတဲ့ ဟိုနတ်သားရောက်လာပြီးကတည်းကပင်။

အဲ့ကတည်းက ဂျောင်ဝန်းအရင်လောက် မလန်းဆန်းတော့။

ငေးငိုင်နေပြီး စိတ်ထဲမှာတစ်ခုခုကိုစိုးရိမ်နေသလိုမျိုး။



"ငယ်လေး ကိုယ်ဘာလုပ်ပေးရမလဲ"

"အကိုက ဘာကိုဘာလုပ်ပေးမလို့လဲ"

Jayရဲ့အမေးကို မျက်ခုံးလေးပင့်ပြီးပြန်ဖြေလာသည့် သူ့ရဲ့မြတ်နိုးရာလေး။

Jay သူ့ဘဝမှာ ဒီလောက်ထိ တန်ဖိုးထားမိသည့်သူ ရှိလာလိမ့်မည်လို့ဘယ်တုန်းကမှမထင်ထားခဲ့မိ။

မွေးကတည်းက အမေဆိုတာကိုမမြင်ဖူးခဲ့သည့်အပြင် အဖေဆိုသူကလည်း ဘယ်တုန်းကမှ နွေးထွေးစွာမဆက်ဆံခဲ့တာမို့ တစ်စုံတစ်ယောက်ကို တန်ဖိုးထားမိသည်ဆိုတာအတော်ခပ်ရှားရှား။

တစ်ချိန်မှာ နတ်ဆိုးတွေရဲ့ဘုရင်ဖြစ်လာမည့်သူအနေနဲ့ တာဝန်တွေ၊ဝတ္တရားတွေလောက်ပဲ အမြဲခေါင်းထဲရှိခဲ့ဖူးသည့် သူ့ဘဝထဲကို ဒီကလေးငယ်ရောက်လာခြင်းဟာ အကြီးမားဆုံးသော အံ့ဖွယ်တစ်ခုလို။

ရှင်သန်နေရတဲ့စက္ကန့်တိုင်းဟာ တန်ဖိုးရှိပြီးလှပလွန်းတယ်ဆိုတာ၊
ဒီလောကကြီးဟာ နေထိုင်ဖို့အတွက် အသာယာဆုံးနဲ့သက်သောင့်သက်သာအဖြစ်ဆုံးဆိုတာ

Crossroads|Jaywon ✅Where stories live. Discover now