Part 12

1.3K 188 15
                                    

Unicode

"မင်းကိုဆုံးရှုံးရမှာထက်ပိုပြီး ကြောက်စရာကောင်းတဲ့အရာမရှိဘူး"







"ဘာ ဝန်းလေးမရှိတော့ဘူး ဟုတ်လား အဲ့တာဘာစကားလဲ?"

သူ့ဆီလာပြောတဲ့ အစောင့်နတ်သားရဲ့စကားအဆုံး ဂျယ်ယွန်းတစ်ယောက် အလန့်တကြားထရပ်မိသည်။



"နတ်ဆိုးဘုရင်ခေါ်သွားတာပဲဖြစ်နိုင်မယ်ထင်ပါတယ်။ ပန်းဥယျာဉ်နတ်သားလေးနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့သူက သူမို့ပါ"

ခေါင်းငိုက်စိုက်ချရင်းပြောလာသည့် ထိုနတ်သားရဲ့စကားအဆုံး ဂျယ်ယွန်းသက်ပြင်းသာချမိသည်။


ပတ်ဂျေး တကယ်ပဲ ဘာတွေလုပ်ပြန်ပြီလဲ?



လွန်ခဲ့တဲ့နာရီပိုင်းကပဲ ရှေ့လျှောက် Angelတွေနဲ့Devilတွေအကြား စည်းခြားထားဖို့ကတိစာချုပ်ချုပ်ခဲ့တာလေ။


သေသွားတဲ့နတ်ဆိုးဘုရင်ရဲ့သူတို့Angelပြည်ကို သိမ်းပိုက်ချင်တဲ့အကြံအစည်ကြောင့် AngelတွေရောDevilတွေရော အားလုံး ဒုက္ခရောက်တော့မလိုဖြစ်ခဲ့တာမို့
နောက်ထပ် ဒီလိုအဖြစ်မျိုးတွေ ထပ်မရှိရလေအောင် Angelတွေနဲ့ Devilတွေကြား အချင်းချင်းဝင်ပြီးမစွတ်ဖက်ဖို့၊မပက်သက်တော့ဖို့ စည်းမျဉ်းနဲ့ကတိစာချုပ်ကိုချုပ်ဖို့ Jayဘက်ကပဲ အရင်ကမ်းလှမ်းလာခဲ့တာဖြစ်သည်။


အရင်နတ်ဆိုးဘုရင်မရှိတာမို့ အလိုလိုနတ်ဆိုးဘုရင်ဖြစ်လာသည့် ပတ်ဂျေးနှင့် အခုလက်ရှိ Angel Kingဖြစ်သည့် ဂျယ်ယွန်းတို့ နှစ်ဦး ကိုယ်တိုင် သဘောတူပြီး ကတိစာချုပ်ချုပ်ခဲ့ကြသည်။





ဒါပေမဲ့ အခုနာရီပိုင်းတောင်မကြာသေး။

ကတိပြုခဲ့သည့် ထိုနတ်ဆိုးဘုရင်ကိုယ်တိုင်က သူတို့နတ်သားတစ်ပါးကို ခိုးယူသွားသည်တဲ့လား?



အမှန်တိုင်းပြောရလျှင် ဂျယ်ယွန်းစိတ်ပျက်မိသည်။

တကယ်ဆို သူလည်း ဂျောင်ဝန်းနှင့်Jayကို ဖြစ်နိုင်သည်ဟု မဆိုမိလျှင်တောင် မတားဆီးရက်ခဲ့ပါ။

Crossroads|Jaywon ✅Where stories live. Discover now