Part 15

1.3K 202 11
                                    

Unicode

"ကိုယ့်အတွက်အရေးအကြီးဆုံးအရာက ဘာလဲဆိုတာ မေ့သွားခဲ့တာ"










"ဂျောင်ဝန်း မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လား"

ချောင်ကျနေတဲ့မျက်ဝန်းတွေနဲ့အတူ မလန်းမဆန်းဖြစ်နေတဲ့ သူ့ပုံစံက ဟီဆွန်းရဲ့ အမေးကို စကားနဲ့တောင် ပြန်ဖြေဖို့လိုမယ်မထင်။

"အင်း ဒီလိုပါပဲဟျောင်း"

ဝတ်ကျေတမ်းကျေဖြေလိုက်ပြီးတဲ့နောက် ရှေ့ကနံရံဆီကိုပဲ ဆက်ပြီးငေးမောနေမိတော့ ဟီဆွန်းဟျောင်းက သူ့ကိုကြည့်ကာ သက်ပြင်းရှည်တစ်ခုချသည်။




"ဘာပြဿနာမှမဖြစ်လို့ အိပ်ပျော်နေခဲ့တယ်ထင်ထားတာ။ မနေ့ညက သူဒီကိုရောက်လာတာ သိနေတယ်မဟုတ်လား?"

ဟီဆွန်းရဲ့အမေးကို ဂျောင်ဝန်း ဘာမှပြန်မဖြေမိ။
ဖြေစရာအဖြေလည်းမရှိ။

မကြားယောင်ပြုရင်း နံရံကိုသာဆက်ပြီး အသက်မဲ့စွာငေးမောမိတုန်း။


ဟီဆွန်းဟျောင်းကလည်း ဒီမှာရှိတဲ့သူတွေနဲ့ ထူးမခြားနား နတ်ဆိုးပဲဆိုပေမဲ့
ဂျောင်ဝန်း ဒီကိုရောက်စကတည်းက အနားမှာအမြဲရှိနေပေးသည့်သူဖြစ်သည့်အပြင်
စကားအပိုသိပ်မပြောပဲ အေးအေးနေတတ်တဲ့သူဖြစ်တော့  ဒီမှာရှိသည့်တခြားသူတွေထက်စာရင် အနားမှာအမြဲရှိသည့်  ဟီဆွန်းဟျောင်း တစ်ယောက်အပေါ်တော့ ဂျောင်ဝန်းအနည်းငယ် သံယောဇဉ်ဖြစ်မိသလို။

တကယ်ဆို ဟီဆွန်းကလည်း သူ့ကိုစောင့်ကြည့်ဖို့ Jayလွှတ်ထားတဲ့ လူတွေထဲကတစ်ယောက်ဆိုတာကို ကောင်းကောင်းသိပါသည်။

ဒါပေမဲ့ သူစိမ်းပြင်ပြင်ဒီလိုနေရာကြီးမှာ ယုံကြည်အားကိုးမည့်သူတစ်ယောက် လိုချင်မိတာ သိပ်ပြီးအဆန်းကြီးတော့ မဟုတ်ဘူးမလား။

ဒါကြောင့်မို့ အရမ်းကြီးမရောမိရင်တောင် နတ်ဆိုးတစ်ကောင်ဖြစ်နေပေမဲ့ အကိုတစ်ယောက်လိုခံစားရသည့် ဟီဆွန်းအပေါ်ကို ဂျောင်ဝန်း တခြားသူတွေလို ပြင်းပြင်းထန်ထန်မဆက်ဆံခဲ့မိ။







Crossroads|Jaywon ✅Where stories live. Discover now