Part 7

1.3K 193 28
                                    

Unicode

"သိပ်ရှုပ်ထွေးလွန်းလာတဲ့အခါ ကိုယ့်ကိုယ်ကိုပျောက်ဆုံး မသွားဖို့က အရေးအကြီးဆုံး"








"ခမည်းတော်က Angel Kingကိုသတ်လိုက်တယ်?"

မဖြစ်နိုင်တာ။

သူ့ရှေ့မှာရှိသည့်မြင်ကွင်းကိုကြည့်ရင်း Jay ဘယ်လိုမှ မယုံနိုင်။

မျက်စိနှင့်မြင်နေရ၍သာ အမှန်လို့ပြောနေရပေမဲ့
ဖြစ်ပျက်နေသည်များကို Jay လုံးဝလက်ခံလို့မရသေး။

ဆောင်းဟွန်းလာခေါ်လို့ ချက်ချင်းလိုက်လာခဲ့ပေမဲ့ ဒီလောက်ထိဆိုးဝါးတဲ့အခြေအနေများဖြစ်နေလိမ့်မယ်လို့ နည်းနည်းလေးတောင်မထင်မိခဲ့။


ငြိမ်းချမ်းနေသည့် Angelတွေရဲ့နေရာကို သူ့ခမည်းတော်နတ်ဆိုးဘုရင်က ခြိမ်းခြောက်ပြီးရန်ပြုဖို့လုပ်နေတာမို့ ပြေပြေလည်လည်ဆွေးနွေးဖြောင်းဖြဖို့အတွက် သူတို့ရဲ့Devilပြည်ထဲထိ တစ်ယောက်တည်းအရောက်လာခဲ့တဲ့ Angel Kingကို

အခုသူ့ခမည်းတော်ကသတ်ပစ်လိုက်သည်တဲ့လား?




သူသိပ်ချစ်ရသည့် ဂျောင်ဝန်းရဲ့ အဖေအရင်းကို သူ့အဖေကသတ်ပစ်လိုက်သည်ဆိုတဲ့ အဖြစ်မှန်ကြီးက Jayရဲ့ခေါင်းတစ်ခုလုံးကိုသာမက နှလုံးသားထဲထိပါ ကိုက်ခဲလာစေသည်။

​အခုဘယ်လိုတွေဖြစ်ကုန်မှာလဲ?

အထူးသဖြင့် သူ့ရဲ့ဝန်းလေး။

ကလေးက အခုတောင် သူ့ဘာသူအပြစ်မကင်းဘူးဆိုပြီးခံစားနေရတာ။

အခုလိုတွေသာဖြစ်ကုန်တာကို ဂျောင်ဝန်းလေးသိသွားတဲ့အခါကျရင်။

သူတကယ်စိုးရိမ်ပါသည်။

သူ့ရဲ့ကလေးလေးရသွားမည့် စိတ်ဒဏ်ရာတွေကို

ဝမ်းနည်းမှုတွေကို

နာကျင်မှုတွေကို

တကယ်ဆို ဒီကလေးလေးကို ပျော်နေတာကိုပဲ သူအမြဲမြင်ချင်ခဲ့တာလေ။

အခုတော့ ဘာတွေဖြစ်ကုန်တော့မှာလဲ?


ဘယ်လောက်ပဲ သူ့အ​ဖေကို နတ်ဆိုးဘုရင်မို့ ရက်စက်သည်ပြောကြဦးတော့ ​အေးအေးချမ်းချမ်း ဆွေးနွေးစကားပြောဖို့ တစ်ယောက်တည်း အရောက်လာခဲ့သည့်သူကို မညှာမတာသတ်ပစ်ရလောက်တဲ့အထိ အဆင်ခြင်ကင်းမဲ့စွာရက်စက်လိမ့်မည်ဟု ထင်မထားခဲ့။

Crossroads|Jaywon ✅Where stories live. Discover now