Part 2

2K 253 12
                                    


Unicode

"အချစ်ကမဖြစ်နိုင်တဲ့အရာတွေကို ဖြစ်လာစေနိုင်သလို၊ ကံကြမ္မာအသစ်တွေကိုလည်း ဖန်တီးတတ်တယ်"










"အိပ်ပျော်နေပြီလား?"

ဒဏ်ရာတွေကိုဆေးထည့်ပေးပြီးတဲ့နောက် ဗိုက်ဆာနေတယ်ဆိုတဲ့ ဒီကောင်လေးစားဖို့အတွက် တစ်ခုခုဝယ်ဖို့ ကျွန်တော်ထွက်သွားခဲ့တာ။

တစ်ယောက်တည်းနေတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အသိုက်အမြုံမှာ လူသားတစ်ယောက် စားဖို့သောက်ဖို့အရာက ရှိမနေခဲ့။

ကျွန်တော်ရော မစားဘူးလားဆိုတော့...

စားတော့စားတာပေါ့။

လိုတာထက်ပိုပြီးမျက်စိရှုပ်စရာတွေ မထားလို မမြင်လိုတာကြောင့်မို့ အိမ်ထဲမှာ တော်ရုံဘာမှမထားတတ်တဲ့ကျွန်တော့်အကျင့်ကြောင့်

ဟင်းချက်စရာပစ္စည်းရှိဖို့နေနေသာသာ

ကြီးမားပေမဲ့ ကျယ်ဝန်းတဲ့ ဒီအိမ်ကြီးက
ပရိဘောဂတစ်ချို့ရယ် ကျွန်တော့်အတွက်မရှိမဖြစ်လိုအပ်တာတွေကလွဲရင် ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးဖြစ်နေခဲ့သည်။

မကြာခင်မှာ နှစ်၅၀၀ပြည့်တော့မှာပဲလေ။

ဘာတွေများ လိုနေဦးမှာလဲ

အထီးကျန်စရာ နတ်ဆိုးတစ်ယောက်ရဲ့ဘဝအတွက်?

ဒီလမ်း ဒီလိုဘဝ ဒီအရာအားလုံးကို ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့တာမို့ စိတ်ရှည်စွာဖြတ်သန်းရင်း အသက်၅၀၀ပြည့်တာကို စောင့်နေခဲ့တာပါပဲ။

အဲ့ဒီအခါမှ စွမ်းအားအကောင်းဆုံးနတ်ဆိုးအဖြစ်နဲ့ ဘုရင်နေရာကိုသေချာဆက်ခံနိုင်မှာပေါ့။

အဖေကဘုရင်မို့ သားကဘုရင်ဖြစ်လာရတယ်ဆိုတဲ့ အစဉ်အလာနဲ့အပြောအဆိုခံရမှုတွေကနေ လွတ်မြောက်ပြီး
ဘုရင့်ရဲ့သားဖြစ်နေပေမဲ့လည်း
တကယ်တမ်း ဒီနေရာနဲ့အထိုက်တန်ဆုံးသူဟာ ကျွန်တော်ပဲဖြစ်လို့ ကျွန်တော်ကလွဲပြီးတခြားသူမရှိဘူးဆိုတာကို သက်သေပြချင်တာကြောင့်

Crossroads|Jaywon ✅Where stories live. Discover now