Part 3

1.5K 229 65
                                    

Unicode

"ငါကိုယ်တိုင်စတင်ခဲ့တာမို့ ငါတစ်ယောက်တည်းအဆုံးသတ်မယ်
မင်းပါနာကျင်စရာမလိုအောင်ပေါ့ ကလေးငယ်"







မနေ့ကအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက် နောက်ထပ် တစ်နေကုန်လည်း Jay Hyungကို မတွေ့ရတော့။

မတွေ့ရတာပဲကောင်းပါတယ်။
မဟုတ်ရင် မျက်နှာပူလို့သေလိမ့်မည်။

ဘယ်လိုစိတ်မျိုးနဲ့များ အဲ့လိုစကားကိုလွယ်လွယ်နဲ့ပြောထွက်သွားရတာပါလိမ့် ယန်းဂျောင်ဝန်း!

ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါပဲ။

ဂျောင်ဝန်း သူ့အိမ်ကိုရောက်နေတာ ရက်ပိုင်းရှိနေပြီမို့ နည်းနည်းအားနာလာသလိုလည်း ခံစားရသည်။

ခြေထောက်ကလည်း အကောင်းပကတိမဟုတ်ရင်တောင်မှ အတော်သက်သာလာပြီမို့ ကြိုးစားလျှောက်လို့ရနေပါပြီ။

တကယ်ဆို ဘယ်သွားရမှန်းမသိဖြစ်နေတုန်းမို့ Angelတွေဆီ ပြန်မခေါ်မချင်း ဒီအိမ်မှာဆက်နေဖို့ထိတွေးခဲ့မိပေမဲ့ အခုတော့ အဲ့လောက်ထိ မျက်နှာပြောင်ဖို့ မဝံ့ရဲသလိုခံစားရလာရသည်မို့။

"မနက်ဖြန်ဆို ငါထွက်သွားလို့ရနိုင်ကောင်းပါရဲ့"

စောစောနိုးနေတာကြောင့် အိပ်ခန်းထဲမှာမနေဘဲ အိမ်ရှေ့ဧည့်ခန်းထဲထွက်လာကာ ထိုင်ခုံမှာထိုင်ရင်း ဂျောင်ဝန်းတစ်ယောက် အတွေးနယ်ချဲ့နေမိတာဖြစ်သည်။

အကိုJayတစ်ယောက်ကတော့ အခုထိ အရိပ်အယောင်မမြင်ရသေး။
မထသေးဘူးထင်ပါတယ်။



​ဒေါက် ဒေါက်

ကျွီး~

အိမ်ရှေ့တံခါးမကြီးဆီက တံခါးခေါက်သံကြား
လို့ နာနေသေးသည့်ခြေထောက်ကိုအားပြုရပ်ရင်း တံခါးထဖွင့်ဖို့ကြိုးစားတုန်း တံခါးက သူ့အလိုလိုပွင့်လာကာ အိမ်ထဲဝင်လာသည့် လူတစ်ယောက်။

Crossroads|Jaywon ✅Where stories live. Discover now