Part 8

1.3K 185 26
                                    


(အပေါ်ကvideoလေးကို တစ်ပိုင်းလုံးဖတ်ပြီးမှဝင်ကြည့်ပေးပါနော်)



Unicode

"မင်းအချစ်ထက် ကိုယ့်အချစ်ကပိုတယ်ဆိုတာ တစ်ခုကိုပဲ ယုံကြည်ထားပေး"



တိတ်ဆိတ်ညင်သာလွန်းတဲ့ ခြေလှမ်းတစ်ချို့နဲ့အတူ
"ချောက်"ခနဲ မြည်လာသည့်တံခါးဖွင့်သံက တိုးလွန်းပေမဲ့ နားပါးတဲ့ဂျောင်ဝန်းကတော့ အသေအချာကြားလိုက်ရသည်။

"အကိုလား?"

အမောတကောနဲ့ထသွားပြီးကြည့်တော့
တကယ်ပဲ သူစောင့်မျှော်နေခဲ့ရတဲ့သူ။

"အကိုပြန်လာပြီလားဟင်?"

မျှော်လင့်တကြီးမေးလိုက်တဲ့ ဂျောင်ဝန်းရဲ့မေးခွန်းအဆုံးမှာ Jayဆီက ဘာခွန်းတုံ့ပြန်စကားကိုမှမရခဲ့။

"အကိုဘာမှမဖြစ်ဘူးမလား? အားလုံးအဆင်ပြေတယ်မလား?"

ဂျောင်ဝန်းရဲ့ စိုးရိမ်တကြီးမေးခွန်းတွေကို Jayကတော့ပြန်မဖြေဘဲ အသက်မဲ့နေသည့်ကျောက်ရုပ်တစ်ရုပ်လို အေးစက်စွာရပ်လျက်။

"အကို ဘာဖြစ်နေတာလဲဗျာ? မဟုတ်ဘူးမလား? ကျွန်တော်သိထားတာတွေက မဟုတ်ဘူးမလား?"

ဖြစ်ပျက်ခဲ့တာတွေကို တစ်စိတ်တစ်ပိုင်းသိထားခဲ့ပေမဲ့ လုံးဝမဖြစ်နိုင်ဘူးလို့ ကိုယ့်ဘာသာစွဲယူပြီးယုံကြည်ထားတာမို့

Jay Hyungပြန်လာရင် သူထင်နေသလို ဘာမှမဟုတ်တာကို အတည်ပြုနိုင်မှာလို့ မျှော်လင့်ခဲ့မိသည်။

​ကျွန်တော့် အဖေဘာမှမဖြစ်နိုင်ပါဘူး

ကျွန်တော်ကြားထားတာတွေက အမှားတွေပဲဖြစ်မှာ

Jay Hyungသိမှာပါ

အရာအားလုံး အဆင်ပြေသွားမှာ
Jay Hyung ပြန်လာရင်

ဒီကြားထဲမှာ ဟိုဟိုဒီဒီကကြားရသည့် ကောလဟာလတွေကို နားပိတ်မျက်ကွယ်ပြုကာ Jay Hyung တစ်ယောက် ပြန်အလာကိုသာ စောင့်မျှော်နေခဲ့မိတာ။

Crossroads|Jaywon ✅Where stories live. Discover now