Part 11

1.3K 187 36
                                    

Unicode

"ချစ်ရတဲ့သူကိုအကောင်းဆုံးကာကွယ်ဖို့က လုပ်ကိုလုပ်သင့်တဲ့အရာပဲမဟုတ်လား?"











"အဲဒီနတ်ဆိုးအကိုကြီးက ငါတို့Jungwonကို တကယ်အရမ်းချစ်တာထင်တယ်"

သတိကင်းမဲ့စွာအိပ်ပျော်နေသော သူတို့ရဲ့သူငယ်ချင်း ဂျောင်ဝန်းရဲ့ခန္ဓာကိုယ်ဘေးမှာ လက်တွေကိုတင်းတင်းဆုပ်ကိုင်လျက် ရှိုက်ကြီးတငင်ငိုယိုနေတဲ့မြင်ကွင်းကို နှစ်ယောက်သား အခန်းဝကနေ လှမ်းကြည့်ရင်းနဲ့ Sunooရေရွတ်မိသည်။




"ချစ်တယ်ဆို အစတည်းက မထိခိုက်အောင်ကာကွယ်ပေးခဲ့ရမှာပေါ့ အခုမှလာငိုနေတော့ဘာလုပ်လို့ရမှာလဲ"

ဘေးကနေ ဘောက်ဆက်ဆက်နဲ့ သူ့ကိုအတိုက်အခံလုပ်ပြီး ပြောလာသည့် Ni-Kiစကားကြောင့် Sunooတစ်ယောက် စိတ်မကောင်းဖြစ်ရာကနေ စိတ်ပါတိုလာမိသွားသလို။

နီခီက သူ့အကျင့်အတိုင်း စိတ်ထဲရှိရာပြောချတတ်တာက ငယ်ကတည်းကမို့ သိပ်တော့အဆန်းမဟုတ်။ ဒါပေမဲ့ ရှင်းပြရမယ်မလား?

အချစ်ဆိုတဲ့အရာ က ဘယ်လောက် လှပနူးညံ့ပြီးသိမ်မွေ့ရှုပ်ထွေးလွန်းလည်းဆိုတာ ဒီကလေးသာသာ ကောင်လေးက ဘာသိမှာမို့လဲ။

(A/N : အမယ် သူကလည်းတော်တော်ကြီးနေတာဆိုတော့xD )

ဆောန်နူတစ်ယောက် ကိုယ့်စိတ်ကိုယ်ကို ပြန်လျှော့ရင်း Ni-Ki ကိုရှင်းပြမိသည်။



"ကာကွယ်ခဲ့တာပဲလေ"

"ကာကွယ်တယ်ဆို အခုငါတို့ ဂျောင်ဝန်းနီးက ဘာလို့ ဒီလိုအခြေအနေရောက်နေရတာလဲ?"

"နီခီ​ရေ မသိပဲနဲ့ လျှောက်မပြောနဲ့။ တကယ်က ရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ခဲ့ရတာ"

"ဒါပေမဲ့လည်း"

"အော် ကဲ နီရှီမူရာ! မသိပဲနဲ့ လျှောက်မပြောပါနဲ့ဆိုနေ။ ငါသိသလောက်က အဲဒီနတ်ဆိုးအကိုကြီးက ဒီလိုလုပ်ခဲ့လို့သာ ငါတို့တွေအားလုံး အခုလိုအေးအေးဆေးဆေး ဆက်နေနိုင်တာ။ မဟုတ်ရင် အခုချိန်ငါတို့လည်း ဟိုမိစ္ဆာနတ်ဆိုးဘုရင်လက်အောက်ရောက်ပြီး အမှုန့်ဖြစ်နေမလားတောင်မသိဘူး"

Crossroads|Jaywon ✅Kde žijí příběhy. Začni objevovat